Professional Authors

ငါမျှော်နေမယ်…..

ငါမျှော်နေမယ် ကောင်မလေးရေ..
ပျော်ရွှင်ဖွယ် ခရစ်စမတ်မှာ အတူပျော်ဖို့
ခရစ်စမတ်သစ်ပင်ကြီးအောက်မှာ ငါမျှော်နေမယ်….
မြူခြုံလွှာ နင်ဝတ်ရင်း
နှင်းကတ္တီပါ ခင်းလမ်းမှာ
တလှမ်းချင်းလှမ်းလာမယ့် နင့်ခြေသံဖွဖွကို
ရင်ထဲမှာ တမ်းတမ်းတလို့ ငါမျှော်နေမယ်…..
ငါမျှော်နေမယ် ကောင်မလေး….
မျှော်ရတာတန်အောင်လို့
ပျော်စရာတွေပဲ နင်ခေါ်လာခဲ့ပါ..
ခရစ်စမတ်သစ်ပင်ကြီးအောက်၊
နင်ရောက်လာတဲ့အခါ
ငါ့လက်နောက်မှာ ဖွက်ထားတဲ့
လက်ဆောင်ထည့်ဗူးလေးကို ကမ်းရင်း
ငါနင့်ကို လှမ်းလို့ကြိုမယ်……
အခုတော့…….နင်လျှောက်လာမယ့် လမ်းဆီတမ်းလို့
ခရစ်စမတ်သစ်ပင်ကြီးအောက်မှာပဲ ငါမျှော်နေမယ်…………။                ။

In: ကဗျာ Posted By: Date: Dec 25, 2011
Comment #1

အကိုက လက်ဆောင်ထည့်ဗူးလေး ပေးမယ်ဆိုတော့ လက်ဆောင်ပါဘူးပေါ့လေ..အဟဲ

commentinfo By: တေဇာ at Dec 26, 2011
Comment #2

100% right.
saunt ya tar dot kyauk twar p.
yae le kyay kwe ya dar.
lone wa ko kyauk twar p.

commentinfo By: ei lay at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment