Professional Authors

အရှုံး

လက်ညှိုးနဲ.ကော်တင်လိုက်တဲ့ သဲတွေထဲက သဲတစ်ပွင့်
သောင်ပြင်ပေါ် လျောကျ ဖိတ်စင်သွားသလိုမျိုး
ငါ့မြို.လေးဆီ ငါပြန်လာခဲ့တာပါ။

မြို.ကြီးပြကြီး သားရဲတွင်းကနေ
ငါ့အဖေလည်း အရှူံးနဲ.ပြန်ပြေးခဲ့ဘူးပြီ
ငါလည်း အရှူံးနဲ. ပြန်လာခဲ့ရတယ်
မြို.တော်ကြီးတွေမှာ
ငါတို. ကြုံးဝါးသံတွေ အရေးနိမ့်ခဲ့ပြီ။

ဖုန်၊သဲ၊သွေးတွေ လူးစိုနေတဲ့ ငါတို.အတောင်ပံတွေ
ရှင်းသန်.သုတ်သင်ပေးမယ့် အမေလည်းမရှိတော့ဘူး
တမာနံ.တွေက မြို.လေးမှာမွှေးမြသစ်လွင်လို.
ဟောဒီ
အလဲလဲ အကွဲကွဲ အိမ်ပြန်ပွဲတော်မှာ
အဖေ့ကို ဘယ်လိုပြောရပါ့။    ။

In: ကဗျာ Posted By: Date: Jun 24, 2009
Comment #1

အလဲလဲ အကွဲကွဲ နဲ့တော့ အိမ် ပြန်ချင်ဘူး….
အသဲအမဲ အရိုးကွဲမတတ် တိုက်ပြီးတော့မှပဲ အိမ်ပြန်မယ်ကွာ…..း)

commentinfo By: မှုံရွှေရည် at Jul 15, 2010
Comment #2

အားကျလေးစားလျှက်ပါ ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment