Professional Authors

တစ်စုံတစ်ခု

တစ်စုံတစ်ခုအတွက် ပါ
ငါ့ဘ၀ ကိုရင်းလိုက်တယ်
ပြန်တော့ ရခဲ့တယ်
အစိတ်စိတ် ကွဲကြေခဲ့တဲ့ အိပ်မက်တွေရယ်
ဖုန် ထနေတဲ့ လမ်းမ ထက်
ခြေထောက် ညောင်းအောင်လျှောက်မှ
ပြန်ရ ခဲ့တဲ့ မျှော်လင့်ခြင်းအသေတွေ ရယ်
သြော် . . . .
တစ်စုံတစ်ခုအတွက်
ငါ့ဘ၀ ကို ရင်းလိုက်တယ်
အကြွင်း အတွက်
ငါ့ ဘ၀ ကို သုညဖြစ်စေခဲ့တယ်
ဒူးနဲ့ မျက်ရည်သုတ်ခဲ့ရတဲ့ နာရီပေါင်းများစွာ အတွက်ဆို
တစ်စုံတစ်ခု ဟာ
သိပ်အားကြီးခဲ့ပါတယ် . . . . ။

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

ဒီကဗျာက မိန်းကလေးကို ကိုယ်စားပြုပြီးရေးထားတာဖြစ်မယ်…….
တစ်စုံတစ်ခုအတွက် ဘ၀ပေးလိုက်ရတယ်ဆိုတော့လေ……. 😀

commentinfo By: soegyi123 at May 15, 2010
Comment #2

မိန်းကလေး ကို ကိုယ်စားပြုပြီးရေးထားတဲ့ ကဗျာ မဟုတ်ပါဘူး ။ ခံစားချက် သက်သက် ကိုယ်စားပြုတာပါ ။

commentinfo By: fridayofpoem at May 16, 2010
Comment #3

ကြိုက်ပါတယ်…ဒူးနဲ့မျက်ရည်သုတ်တာတော့မကြိုက်ဘူးး…….

commentinfo By: miss30 at May 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment