Professional Authors

နာကျင်စေသော…ပျော်ရွှင်စေသော

ညှို့ယူတဲ့အပြုံးနဲ့

ရင်ခွင်ကိုတိုးဝင်ခဲ့

ရင်ခုန်စွာပျော်ဝင်ခဲ့

ဝိုင်တစ်ခွက်ရဲ့စူးရှရှအရသာ။

နူးညံ့တဲ့အပြုံးနဲ့

ရင်ခွင်ထဲမှာချော့သိပ်ခဲ့

လုံခြုံမှုတွေအပြည့်နဲ့

နွားနို့်တစ်ခွက်ရဲ့ချိုဆိမ့်ဆိမ့်အရသာ။

မဲ့တဲ့တဲ့အပြုံးနဲ့

ရင်ခွင်ထဲကတွန်းဖယ်ခဲ့

ဒိန်ချဉ်တစ်ခွက်ရဲ့ချဉ်စုပ်စုပ်အရသာ။

နင်ဖန်တီးတဲ့တစ်ခန်းရပ်ပြဖာတ်ထဲ

ငါ

ဝိုင်တစ်ခွက်

နွားနို့တစ်ခွက်

ဒိန်ချဉ်တစ်ခွက်

သောက်သုံးခဲ့ရဖူးတယ်။

တစ်ခန်းရပ်ပြဖာတ်ပြီးဆုံးတော့

ဆက်ကရတဲ့ငါ့ဘဝ

ပျောက်ဆုံးသွားတဲ့အပြုံး

ရှာမတွေ့တော့တဲ့နားခိုရာ

သတိရတဲ့ အိပ်မရတဲ့ညတွေ

ကော်ဖီခါးခါးတစ်ခွက်နဲ့

ငါအဖော်ပြုခဲ့ရပေါ့။

In: ကဗျာ Posted By: Date: Apr 25, 2011
Comment #1

nice poem

commentinfo By: ei lay at Jan 28, 2012
Comment #2

read again par

commentinfo By: ei lay at Feb 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment