Professional Authors

သူချစ်တဲ့ကမ္ဘာမြေပေါ်ကိုထိုးဆင်းသွားတဲ့ ဥက္ကာခဲ (အိုင်လွယ်ပန်)

လှမ်းလှမ်းမျှော်လိုက်တိုင်း
မင်း မျက်ဝန်းက
မယုံကြည်ခြင်းတွေပဲလှစ်လှစ်ပြ
အလင်းနှစ်တွေ
သံပြိုင်ငို ခဲ့ရတဲ့ ဂီတ …..

ညတစ်ညရဲ့ ကောင်းကင်ယံ
တစ်ခဏတာ
ရုပ်ပျက်ဆင်းပျက်လှသွားခဲ့ပုံ
စံပယ်ဖူးလေးတစ်ငုံတောင်
လူးလူးလွန့်လွန့်အိပ်ရာနိုးလာ ……………..

မာကျောမှုထဲက
အဖြူထည်ဆန္ဒသက်သက်ရဲ့
နူးညံ့သိမ်နုပ်မှုကို
မင်း ရှာမတွေ့ခဲ့ပါ
ငါဟာမင်းဆီကိုရောက်လိုရောက်ငြား
ဘဝနဲ့ရင်းပြီးလောင်ကျွမ်းခဲ့တယ်ဆိုတာ
မယုံကြည်တတ်သူကို ပြောပြမိတဲ့
ယုံတမ်းပုံပြင်လေး တစ်ခုစာ ..။

အိုင်လွယ်ပန်

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Jul 20, 2010
Comment #1

အစ်မ အမရာရေ….
ကဗျာလေးတွေက ကောင်းလိုက်တာာာာာ…
အဲလို ကဗျာကောင်းလေးတွေ ဖတ်ရလို့ ကျေးဇူးနော်…..
(:

commentinfo By: ဖြိုးဖြိုး at Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment