Professional Authors

ဟန်ရေး – နရီထက်

စည်းချက်ညီညီ ကပြချင်တယ်
ခြေလျှော်လှဲတော့
စကားလုံးတွေက အလျော်အစားများတယ်

ဟန်ဆောင်ခြင်းတွေက
ရင်မှလာတဲ့ ဗလာပြဇာတ်တွေပါ
ကန့်လန့်ကာ အရှေ့မှာ တစ်ခန်းရပ်တွေ ကျန်ပါ၏

တကယ့်တော့ ဟာသစကားလုံးတွေက
လူကို သေစေနိုင်တဲ့
အရင်တစ်ခါက ဒေါသမီးပွားလေးတွေပါ

ကြိုးတန်းပေါ်မှာ လမ်းလျှောက်ကြည့်တော့
အလယ်အလတ်ကျအောင် ထိန်းကြည့်၏

နရီထက်
( ၂၀ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 20, 2011
Comment #1

အကုန်လုံး ကောင်းတယ် ဟန်ဆောင်ခြင်းတွေက
ရင်မှလာတဲ့ ဗလာပြဇာတ်တွေပါ အဲစာကြောင်းလေးလဲမိုက်တယ် ပိးတောကိုးတန်းပေါ်မှာ လမ်းလျှောက်ကြည့်တော့
အလယ်အလတ်ကျအောင် ထိန်းကြည့်၏။ အင်း အဲစာကြောင်းလေးလဲ မိုက်တယ်
လူတွေရဲ့  အပြောအဆိုတွေကို ဆင်ခြင်ဖို့  ဥပမာ ပေးတဲကဗျာလေး ပါ ကိုကြိး ဒိထက်ကဗျာလေးတွေ အမှားကြိးရေနှိင်ပါစေ

commentinfo By: thuya at May 23, 2011
Comment #2

အားပေးသွားတယ်အကိုကြီး
အရမ်းကောင်းတယ်…

commentinfo By: myintmo at May 23, 2011
Comment #3

စာသားတွေမှာ အားတွေအရမ်းပါတယ်ဗျာ..ကြိုက်တယ်ဗျာ

commentinfo By: မိုးစက်သစ် at May 23, 2011
Comment #4

ကျွန်တော်၏ ကဗျာများကို အားပေးဖတ်ရှုကြသော စာဖတ်ပရိသတ်များအား ကျေးဇူးဥပကာရ တင်ရှိသည်။

ကလောင်ရှင်
နရီထက်

commentinfo By: Nayihtet at May 23, 2011
Comment #5

အရမ်းမိုက်တယ်ဗျာ

commentinfo By: တင်ဆွေ at May 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment