Professional Authors

သေဆုံးခြင်း

မီးခိုးရောင် နေ့ရက် အထပ်ထပ်နဲ့

မြူခိုးဆန်တဲ့ စကားတွေကြား…

သောကနှောင်ကြိုးတို့ ငြိထွေးစွန်းထင်းခဲ့…။

စနစ်တကျမျှော်လင့်ထားမှုတို့

လွဲမှားခဲ့တဲ့ ရင်တွင်းဖြစ် မျက်ရည်စက်များသာ

ဆိတ်ငြိမ်တဲ့ နိုးထမှု အဟောင်းအမျှင်းတွေနဲ့ပဲ

ငါ့ကို ဂူထဲသွတ်သွင်းကြစေလို…။

ကျောက်စလစ်ဆန်တဲ့ ကြေကွဲခြင်းမျိုး

အိမ်မက်ကမ်းရိုးတန်း တစ်လျှောက်…

ငါ့ရင်ဘတ်က လိုက်ကောက်နေခဲ့ရ…။

ပျက်ယွင်းခြင်း ၀ိညာဉ်နဲ့

ငါ့လေလွင့်ခြင်းအလူးလူး စာမျက်နှာ…

ဘယ်ဒိုင်ယာရီကမှ ဖိတ်မခေါ်ခဲ့…။

နောက်ဆုံး ဥသြသံမှာ

တစ်ခါတုန်းက ရင့်ရော်ခဲ့သော လွမ်းဖွဲ့ကဗျာများ…

အလင်းအိုလမ်းထက် တစ်ဖွဲ့တနွဲ့

လွင့်စုတ်ပျံ့ကျဲ…

အစွန့်ပစ်ခံ ရင်ခွင်ထဲက

မျက်ရည်နဲ့ ယှက်ထားတဲ့

သစ်စိမ်းချိုး တံခါးတစ်ချပ်…

အခါခါ ၀င်ထွက်သွားလာ…

ငါ့မပိုင်ဆိုင်တဲ့ ငါ့နှလုံးသား…

မှောင်မိုက် နူးညံ့စွာ…တအိအိ… ငြိမ်သက်…

နောက်ဆုံး…။…။

In: ကဗျာ Posted By: Date: Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment