Professional Authors

ကွာဝေးစွာ သေဆုံးခြင်း

မျက်နှာများတဲ့ ပြိုင်ပွဲတွေဆိုပေမယ့်လည်း
ပွဲတိုင်း အရှုံးချည်းပါပဲ
ရွံရှာတဲ့ စကားထက်ပိုတဲ့ ဆုလာဘ်
မရခဲ့ဖူးပါဘူး
မျော်လင့်ခြင်းနဲ့ ယုံကြည်ခြင်းကြားမှာ
ခနခန နေ၀င်ခဲ့ရတော့လည်း
ဓမ္မတေးသွားတွေလည်း မဲ့ ခဲ့ရပြီး
အမှောင်တွေကြား ခရီးသွားသူအဖြစ်
ခေါက်တုန့်ခေါက်ပြန်ပေါ့
အသက်ရှုတချက်ကျန်နေသေးရင်တောင်
“ မင်းမျက်နှာ လှနေတုန်းပဲ “
ပြောချင်နေတဲ့ ကောင် စိတ် ဟက်တတ်ခွဲနေလေပြီး
ခန္ဓ္ဓာမှာစိုက်ဝင်နေတဲ့ နှင်းစီပန်းတွေကို
တစစီ ထုတ်ပြီး ဇာပနကျင်းပပေးယုံပေါ့

In: ကဗျာ Posted By: Date: May 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment