Professional Authors

မှော်ဆရာ သေဆုံးခြင်း

 

သေမဲ့ အဲဒီညက

၇ နာရီတိတိမှာ

ချစ်သူကို သတိရ တယ် ..။

 

တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ..

မအားသေးပါရှင်..

….

(သေလိုက်စမ်း

မြန်မာပြည်က ကော်နက်ရှင်…)

 

တံမြက်စည်းကို စီးလည်း

ဒီခရီး ရောက်မှာပဲ

ဒါပေမဲ့

မျက်လှည့်သေတ္တာကို ဆွဲပွေ့

ချစ်သူအိမ်ရှေ့ ရောက်ခဲ့တယ်..။

 

ဖွင့်စမ်းပါကွယ်..

ဖဲချပ် ၅၀ ကိုလည်း

ပန်းပွင့် ၅၀ လုပ်နိုင်စွမ်းပါတယ်။

 

ဒိုင်က ခရာမှုတ်တယ်..

ပွဲကမရပ်ဘူး…

ဒိန်း တပ် တပ်

ဒိန်း တပ် တပ်..

အို..ချစ်မြတ်သူ..

ငါ့ရင်တစ်ခြမ်းစာလုံး

စစ်ချီသံတွေနဲ့ ဖုံးရော…။

 

၈ နာရီမတ်တင်း…

ပြတင်းပေါက်အဖွင့်

ကြွေလွင့်သွားတဲ့ကြယ် အပေါ်မှာ

ငါ့မှော်ပညာမပါဘူး….။

 

ဒါဖြင့် ဒီကြယ်..

ဘယ်တန်းခိုးနဲ့ ကြွေသလဲ…။

 

အဲဒီတန်ခိုးနဲ့ပဲ

အဲဒီညက

မှော်ဆရာသေဆုံးသွားပါတယ်..

 

အိပ်မွေ့ချခံရတဲ့ မျက်လုံးနဲ့

အလမ္မာယ်ဆရာရဲ့ ပခြုပ်ထဲ

စုန်းစုန်းမြုပ် သွားတယ်လို့ ပြန်ကြားရလေရဲ့..။

 

ရာသက်ပန်

In: ကဗျာ Posted By: Date: Jun 1, 2013
Comment #1

🙂

commentinfo By: 13th at Jun 1, 2013
Comment #2

မိုက်ပါတယ်
အားပေးသွားပါကြောင်း

commentinfo By: မေပျို at Jun 1, 2013
Comment #3

နှစ်သက်မိပါတယ်ခင်ဗျာ

ကျွန်တော်ကတော့ အမာခံ အားပေးမယ့်သူလို့ ကြေငြာသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 1, 2013
Comment #4

Good Idea……

commentinfo By: နွေ at Jun 1, 2013
Comment #5

တံမြက်စည်းကို စီးလည်း

ဒီခရီး ရောက်မှာပဲ

ဒါပေမဲ့

မျက်လှည့်သေတ္တာကို ဆွဲပွေ့

ချစ်သူအိမ်ရှေ့ ရောက်ခဲ့တယ်..။

ဖွင့်စမ်းပါကွယ်..

ဖဲချပ် ၅၀ ကိုလည်း

ပန်းပွင့် ၅၀ လုပ်နိုင်စွမ်းပါတယ်။

Like ဗျာ

(ရစ်လုံး)

commentinfo By: yit lone at Jun 1, 2013
Comment #6

🙂

commentinfo By: ei lay at Jun 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment