Professional Authors

အပြာနုရောင် စာအိတ်

နှလုံးသား ပန်းရိုင်းပွင့်တွေကြား

ခရမ်းနုတေးသွား သံအက်အက်လေးရဲ့ တီးတိုးသီချင်း

ပန်းသီးစား ညနေတစ်ခုဟာ

ဧဒင်ဥယျာဉ်နံရံမှာ ၀င့်ဝဲလွင့်ပျံလို့…။

ငါ့ရင်ခုန်သံတွေကို တစ်ပွင့်ချင်းသီသွားတဲ့

သံယောစဉ်ကြိုး…။

လင်းအုံ့ပျပျ Romatic ပြခန်းမှာ

ချစ်သူရဲ့ခြေရာကအစ ကြင်နာခြင်းတွေ စွန်းထင်းမယ်…။

နှင်းဆီမြို့ရိုးရဲ့ ချစ်ခြင်းဖွဲ့မိုးတို့

တဖြိုးဖြိုးရွာသွန်း…

ဖြူနုနု ကောင်မလေးဟာ ၀ိုးရီတောက်ပလွန်းတယ်…။

လိပ်ပြာဝတ်ရုံအထပ်ထပ်ကြားမှာ

ကတ္တီပါရနံ့ အနမ်းတွေ တလှပ်လှပ် မွှေးပျံ့…

စန္ဒရား ဆန်တဲ့ ကောင်မလေးရေ…

ငါ့ရဲ့အိပ်မက်ကောင်းကင်ကြယ်ငုံအဖူးမှာ

အလွမ်းယှက်တိမ်တိုက်တွေ ၀တ်မှုန်မကူးပါရစေနဲ့…။…။

In: ကဗျာ Posted By: Date: Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment