Professional Authors

ပန်းနုရောင် အို

တစ်နေ့ကလျှင်
ရိုးမဟာဆွေ၊ တောင်ကြောကပြန်
တင့်ဟန်ပွင့်ကြ၊ အစ်ကိုအလှကြိုက်
ပန်းစိုက်ဖို့ရာ၊ လက်ဆောင်ပါတဲ့
ခက်ဖြာချယ်ရီ နီစွေးလျ။

စိန့်ကြွေလဲဝင်း
ပယင်းပြောက်အိုး၊ စိုက်ထိုးထားလိုက်
လရောင်ရိုက်လိုက်၊ နေရောင်တိုက်လိုက်
ငိုက်လျော့ညွတ်စင်း၊ ချယ်ရီသင်းခြောက်
အောက်သို့ပျောခ၊ ညိုစနီစ
ဖြူလွှရောမွ၊ ဆွတ်သနီမြန်း
ပန်းနုရောင်သွေး ညံ့သွေးလျ။

သြော်….. သူနှင့်ဝေးခဲ့
ပြေးလွှားနှစ်များ၊ ကုန်လွန်သွားမှ
မနေ့ကလျှင်၊ ငါ့ထံဝင်၍
တွေကြသောခါ၊ ရပ်လာစားပွဲဘေး
နီဆွေးချယ်ရီ၊ ယှဉ်မှီရပ်ရင်း
သင်းမြရနံ့၊ လှိုင်ပျံ့မွှေးထုံ
ရင်ခုန်တစ်ခါ ဖိုရပြန်။

ရယ်သံဟင့်သံ
ကြည်ဟန်ပြုံးဟန်၊ ခုဟန်ညုဟန်
ကျန်သေးသည်ကို၊ အိုနုပျိုရင့်
သူနှင့်ချယ်ရီ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို။   ။
                                  ဒဂုန်တာရာ

In: ကဗျာ,ဒဂုန်တာရာ Posted By: Date: Jul 18, 2011
Comment #1

သြော်….. သူနှင့်ဝေးခဲ့
ပြေးလွှားနှစ်များ၊ ကုန်လွန်သွားမှ
မနေ့ကလျှင်၊ ငါ့ထံဝင်၍
တွေကြသောခါ၊ ရပ်လာစားပွဲဘေး
နီဆွေးချယ်ရီ၊ ယှဉ်မှီရပ်ရင်း
သင်းမြရနံ့၊ လှိုင်ပျံ့မွှေးထုံ
ရင်ခုန်တစ်ခါ ဖိုရပြန်။

commentinfo By: May Kha at Jul 18, 2011
Comment #2

တစ်နေ့ကလျှင်
ရိုးမဟာဆွေ၊ တောင်ကြောကပြန်
တင့်ဟန်ပွင့်ကြ၊ အစ်ကိုအလှကြိုက်
ပန်းစိုက်ဖို့ရာ၊ လက်ဆောင်ပါတဲ့
ခက်ဖြာချယ်ရီ နီစွေးလျ။

စိန့်ကြွေလဲဝင်း
ပယင်းပြောက်အိုး၊ စိုက်ထိုးထားလိုက်
လရောင်ရိုက်လိုက်၊ နေရောင်တိုက်လိုက်
ငိုက်လျော့ညွတ်စင်း၊ ချယ်ရီသင်းခြောက်
အောက်သို့ပျောခ၊ ညိုစနီစ
ဖြူလွှရောမွ၊ ဆွတ်သနီမြန်း
ပန်းနုရောင်သွေး ညံ့သွေးလျ။

သြော်….. သူနှင့်ဝေးခဲ့
ပြေးလွှားနှစ်များ၊ ကုန်လွန်သွားမှ
မနေ့ကလျှင်၊ ငါ့ထံဝင်၍
တွေကြသောခါ၊ ရပ်လာစားပွဲဘေး
နီဆွေးချယ်ရီ၊ ယှဉ်မှီရပ်ရင်း
သင်းမြရနံ့၊ လှိုင်ပျံ့မွှေးထုံ
ရင်ခုန်တစ်ခါ ဖိုရပြန်။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment