ဒါငါ့အဖြစ်
ရယ်ချင်လည်းရယ်ရမယ်… ကဗျာရယ်လို့လည်း ဟုတ်ချင်မှဟုတ်မယ်… ဒါပေမယ့်… ပေါက်ကွဲပြီးရေးထားတာ 😛
လူမဆန်တဲ့လူတွေကြားနေရတာ
ကြာရင်ငါဖျားသွားနိုင်တယ်
အမြဲတမ်းဖြေသိမ့်နေကျ
ငါ့လက်ညိုးနဲ့လက်ခလယ်ကြားကအဖော်လည်း
ဒီတစ်ခေါက်တော့လက်လျှော့ရှာပြီတဲ့
သည်းခံမှုတွေရဲ့နောက်ကွယ်မှာ
ကော်ကာလှန်ကာပြန်မပြောတတ်တဲ့
ငါ့အခန်းနံရံကတော့
ငါ့ခြေရာတွေပြည့်နှက်လို့
ဝမ်းနည်းမှုတွေယိုစီးတိုင်း
အမြဲလက်ခံပေးခဲ့တဲ့ငါ့ခေါင်းအုံးလည်း
ဒီတစ်ခါခြောက်ချိန်မရလို့
ငါ့ကိုအပြစ်တင်နေမှာပဲ
ခံစားချက်ပေါင်းများစွာနဲ့နှလုံးသားကတော့
နောက်ကျိကျိရေညှိစိမ်းရောင်တွေထလို့
ယောင်လို့တောင်ဖွင့်မကြည့်ချင်တော့
ငါ့အတ္တနဲ့ငါ့မာနကိုအကုန်ရိုက်ချိုး
မကျေနပ်သမျှတွေငါ့ဖာသာငါမျိုချလို့
သူတို့ဆန္ဒကိုရှေ့တန်းတင်လည်း
မနာလိုမှုတွေကြားမှာ
ဘယ်အချိန်ထိနှစ်ပါးသွားရမလဲလို့တော့
အချိန်တိုင်းမေးနေမိတယ်
ဟားဟား…
ဟန်ဆောင်ပြုံးပြီး
လူမြင်ကောင်းအောင် ဂရုစိုက်ပြတာတွေ
တော်ပါတော့
ရပ်လိုက်ပါတော့
ငါရွံတာနဲ့တင်သေသွားနိုင်တယ်
ကိုယ့်ကိုယ်ကိုလိပ်ပြာလုံနေသေးရင်
ဆက်ပြီးမျက်နှာဖုံးစွပ်ထားလိုက်ပါဦး
ဟောဒီကကျွန်မကကြိုပြောလိုက်ပါဦးမယ်
၂၀၀၉ခုနှစ်အတွက်
ဟန်ဆောင်အကောင်ဆုံး
အကယ်ဒမီဆုပေးချင်လို့လို့…။
Comment #13
Hey, have you seen this news article?
New details about Michael Jackson’s Death Emerge
I was wondering if you were going to blog about this…
 By: Michael at Jun 26, 2009
                        By: Michael at Jun 26, 2009
                    Comment #14
ဟေ့  EMS!
         လူသား(မြို့ပြလူငယ်)တစ်ယောက်ရဲ့ မွန်းကြပ်မှုတစ်ခုပေါ့…
         အရာရာတိုင်းမှာ ကိုယ်တို့ငယ်ငယ်ကတည်းကရင်းနှီးခဲ့ရတဲ့
         ရှေးရိုးဆန်အတွေးအခေါ်တွေက ပိတ်ဆို့တားဆီးနေတတ်တယ်လို့ခံစားရတယ်။
         ဘယ်သူအတွက်မှအရာမရောက်တဲ့ အားနာမှု၊ စာနာထောက်ထားမှု ၊ နားလည်ပေးမှု
         တွေကပဲ ကိုယ်တို့ဘ၀လမ်းတွေကိုတားဆီးနေတာပဲ။
         တခါတရံမှာ ကိုယ်တို့ရဲ့အဆင်မပြေမှုတွေကို မှားယွင်းစွာဖြေသိမ့်ကြမိတဲ့အခါ
         စောစောကခံစားချက်တွေကို ဆွဲယူတတ်ကြတယ်။
         ခံစားချက်ခြင်းတူလို့ပြောတာပါ …
         “ကပ်ဖ်ကာ၊ ဂျိမ်းဂျွိုက်စ် ၊ဒေါ့စတိုယက်စကီးတို့ဖတ်ပြီး
         ငါဟာ ၁၉ ရာစုကိုရောက်သွား
         သူတို့ကတော့ ၂၁ ရာစုကိုရောက်လာတယ်
         ခုချိန်ထိငါဟာ
         ပိုးဟပ်တစ်ကောင်လားဆိုတာမရေရာ….´´
 By: လင်းဝေ at Aug 12, 2009
                        By: လင်းဝေ at Aug 12, 2009
                    Comment #15
ကဗျာကစောက်ရမ်းမိုက်တယ်ဗျ…………….
ပေါက်ကွဲတာကြီးကလည်းကျောက်စရာကြီး………………….
 By: soehtetaung at Jun 24, 2010
                        By: soehtetaung at Jun 24, 2010
                    Comment #16
ကိုယ့်ကိုယ်ကိုလိပ်ပြာလုံနေသေးရင်
ဆက်ပြီးမျက်နှာဖုံးစွပ်ထားလိုက်ပါဦး
ဟောဒီကကျွန်မကကြိုပြောလိုက်ပါဦးမယ်
၂၀၀၉ခုနှစ်အတွက်
ဟန်ဆောင်အကောင်ဆုံး
အကယ်ဒမီဆုပေးချင်လို့လို့…။
ဒီအပုဒ်ကို အကြိုက်ဆုံးဘဲ ယောကျာ်းတွေ မာယာနဲ့ဟန်ဆောင်ပြတာတွေကို ခနဲ့ထားပုံက bravo!!!
 By: Hnin at Jun 30, 2010
                        By: Hnin at Jun 30, 2010
                    Comment #17
အောက်ဆုံး သုံးပိုဒ် က ခံစားချက်နဲ့ တိုက်ဆိုင်တယ်
 By: hnin at Aug 15, 2010
                        By: hnin at Aug 15, 2010
                    Comment #18
အရမ်းမိုက်တယ် .. ခံစားချက် ပျင်းထန်တယ် ……… ကြိုက်တယ် ဆက်ရေးနော် …… ခံစားချက် တူတယ်.. ညီမလေးလဲပေါက်ကွဲချင်တယ် မရေးတတ်လို …..
 By: nyimalay at Sep 7, 2010
                        By: nyimalay at Sep 7, 2010
                    Comment #19
အမြဲတမ်းဖြေသိမ့်နေကျ
ငါ့လက်ညှိုးနဲ့လက်ခလယ်ကြားကအဖော်လည်း
ဒီတစ်ခေါက်တော့လက်လျှော့ရှာပြီတဲ့   စာသားပရိယာယ်ကတော့ရေလည်လန်းတယ်ဗျာ အဲ့အပိုဒ်မှာ ကျွန်တော် တော်တော်စားသွားတယ် ဘိုးဘွားရိပ်သာမရောက်ခင် အဖြေသိလိုက်လို့ တော်သေးတာပေါ့ ။ မသိပေမယ့် အားပေးသွားတယ်ဗျာ ။
 By: X - ray at Aug 14, 2011
                        By: X - ray at Aug 14, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
 
Comment #1
တော်တော်ပေါက်ကွဲထားတယ်ဆိုတာ ဒီအပိုဒ်လေးကြည့်တာနဲ့သိတယ်
အမြဲတမ်းဖြေသိမ့်နေကျ
ငါ့လက်ညိုးနဲ့လက်ခလယ်ကြားကအဖော်လည်း
ဒီတစ်ခေါက်တော့လက်လျှော့ရှာပြီတဲ့
ကောင်းပါ့ .. ကောင်းပါ့ .. ပေါက်သာပေါက်ကွဲ .. ရွာတော့မနံစေနဲ့ပေါ့ကွာ ..
ကဗျာကောင်းပါသည်။