Professional Authors

မျက်ရည်မြစ်

သူငယ်အိမ်ဆည် တာကျိုးသွားလို့
မြစ်ကြောင်းတစ်စင်း ဖြတ်ဆင်းသွားရဲ့
အတားအဆီး မရှိပါဘူး
မြစ်ကြောင်းတစ်လျှောက် လွမ်းမောမှုတွေ
နာကျည်းမှုတွေ စက်ဆုပ်မှုတွေ
ရောနှောသောင်းပြောင်း နောက်ကျိနေတယ်

ဒါပေမယ့်ကွယ် အမုန်းတရား
မရှိတော့တဲ့ မြစ်တစ်စင်းမို့
အေးမြလေသော လေပြည်တစ်ချက်
ဝေ့၀ဲသွားလည်း ခြောက်မသွားတဲ့
ဒီမြစ်ရေများ ဘယ်အချိန်ထိ
စီးဆင်းမလဲ ငါ့ပြောလိုက်မယ်
အဆုံးမရှိ အဝေးဆုံးထိ…

In: ကဗျာ Posted By: Date: Apr 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment