Professional Authors

ဟိုရေးဒီခြစ် ကဗျာဖြစ် :P

ဘလော့ဂ်ဖို့ကြိုးစားနေတာကြာခဲ့ပါပြီ… ဘယ်လောက်ကြာပြီလဲဆိုတော့ နောက်ဆုံးပို့စ်တင်ပြီးထဲကပဲ 😛 စိတ်ထဲမှာလဲ ရေးချင်တာတွေများပြီး ဘာရေးရမှန်းကိုမသိတော့ဘူး… အဲဒါနဲ့ပဲ ကိုယ့်တစ်ယောက်ထဲနဲ့ ညှိမရတော့ မတင်တော့ဘူးဆိုပါတော့ 😀

ဒီနေ့တော့ အကြောင်းကြောင်းကြောင့် ကျောင်းခန်းထဲမှာ စာသင်ရင်းနဲ့ ရေးဖြစ်သွားတယ်… ပေါက်ကရလေးဆယ် 😛 ဖတ်ကြည့်ပါဦးကွယ်…

တစ်ခါတစ်လေလည်း

ဟန်ဆောင်ရတာပဲ

မြင်နေလည်း

ကန်းသယောင်နဲ့

ငါ့နှလုံးသားကတော့

ငါ့ကိုလှောင်တယ်…

ယောင်လို့တောင်

ပြုံးမပြရဲတော့လည်း

ကြောင်တောင်တောင်

မျက်နှာပေးနဲ့

တစ်ဖက်လေးကိုငေးလို့

ခက်ဝေးဝေးကိုပဲ

ပြေးခဲ့မိတယ်…

သတိရရဲ့လားလို့တော့

ယောင်လို့တောင်

မမေးစေချင်ဘူး

မအေးမြတဲ့

အတွေးတွေအတွက်

ပေးသမျှနဲ့

ငါမကျေနပ်လည်း

အဆွေးသမားလို့တော့

ကိုယ့်ကိုယ်ကိုနာမည်မတပ်ခဲ့…

နေမဝင်ဖူးတဲ့ရက်တွေ

လက်တွေအတူတွဲခဲ့လည်း

မခွဲရက်တဲ့အခြေရောက်မှ

နောက်တစ်ခေါက်မရှိနိုင်တော့ဘူးတဲ့လား…

အချိန်ပြည့်သတိမရမိပေမယ့်

တိမ်တွေအောက်က

လျှောက်နေကြလမ်းရောက်တိုင်း

သူတစ်ယောက်ဘယ်ပျောက်နေမှာလဲလို့

တစ်ကြိမ်တစ်ခေါက်တော့

စဉ်းစားမိပါရဲ့…

အကြိမ်တစ်ထောင်လောက်သာ

ပြည်ဖုံးကားချခွင့်ကိုပေး

အတည်ပေါက်နဲ့

ဒီတစ်ယောက်အကြောင်း

ယောင်လို့တောင်မတွေးတော့ဘူး… မှတ်ထား… 😛

ဒါ EMS ကွ…

In: ကဗျာ Posted By: Date: Jun 5, 2009
Comment #1

ဟဲ့.. အစကတော့ အဟုတ်ကြီး.. အဖြားရှုးသွားပါလားကွ.. ဟာသ..
မိုက်သဗျာ.. လန်းတော်မူတယ်.. ခိုက်ခိုက်တုန်သွားပြီကွယ်.. အီးအီးရယ်.. အဟိ.. မွမွ

commentinfo By: Kitty Yang at Jun 5, 2009
Comment #2

အေးဟာ… ငါလည်းရေးရင်းရေးရင်းနဲ့ ဘာဖြစ်သွားမှန်းကို မသိဘူး 😛

commentinfo By: Ei Mon Soe at Jun 5, 2009
Comment #3

ကောင်းပါတယ်ကွ .. အဖျုးမရှူးပါဘူး … ပြောလို့ပြောတာမဟုတ်ဘူး .. တော်တော်ကောင်း .. မဟားတရားကောင်း .. စကားလုံးအသုံးအနှုန်းတွေကောင်း ..

commentinfo By: thettwe at Jun 5, 2009
Comment #4

မမိုက်ဘူးလို့မပြောပါဘူး.. အဟတ်.. နောက်ဆုံးရောက်မှ ပေါသွားလို့..
ဒါပေမယ့်ချစ်သိလား.. ကိုယ်လည်း အဲလို ရှူးတဲ့ကဗျာရေးဖူးတယ်.. မိုက်တယ်.. ဒါပဲ.. ဟီး…

commentinfo By: Kitty Yang at Jun 5, 2009
Comment #5

ဟိုရေးဒီခြစ်ကဗျာဖြစ်ဆိုပဲ ..ခေါင်းစဉ်လန်းလို့လာစပ်စုတာပါ 😀
ကဗျာလည်းမိုက်တာပဲ..ဖတ်ရင်းဖတ်ရင်းကောင်းလာတယ်..နောက်ဆုံးမရောက်ခင်ပေါ့ =P
နောက်တာပါ..(ကစ်တီ့သူငယ်ချင်းဆိုတော့..ဒီလောက်တော့ရှိမှာပေါ့..နော..)

commentinfo By: Hninzisue at Jun 6, 2009
Comment #6

ဟတ်ဟတ်ဟတ်… ခုလိုကိုယ်တိုင်ကိုယ်ကျ လာရောက်စပ်စုတာကို အများကြီးကျေးဇူးတင်ပါတယ်… 🙂 နောက်လည်းလာပါ… ခုလည်းလာပါ… အရင်တုန်းက မလာတဲ့အတွက်ပေါ့… ဟီးဟီး… 😛

commentinfo By: Ei Mon Soe at Jun 6, 2009
Comment #7

အရင်ကလဲလာစပ်စု..အဲ..လာလည်ပါတယ်ခင်ဗျာ
နောက်လဲလာပါ့မယ် 😛

commentinfo By: Hninzisue at Jun 6, 2009
Comment #8

ကဗျာ အစက မိတယ်
အလယ်က ထိတယ်
အဆုံးရောက်တော့ ငြိတော့မလိုလိုနဲ့ ဟာကျန်ခဲ့တယ်ဗျာ …..

commentinfo By: nayminarkar at Jun 10, 2010
Comment #9

ဟာ… မလုပ်နဲ့ မလုပ်နဲ့…. အစ အလယ်နဲ့တင် မိနေ ထိနေတာ… အဆုံးကျ ထပ်မငြိစေချင်လို့ပါဂျာ… အဟီး 😛

commentinfo By: Ei Mon Soe at Jun 10, 2010
Comment #10

ပြန်ဖတ်ချင်လို့ ကူးထားတယ်နော်

commentinfo By: cho at Aug 15, 2010
Comment #11

ယောင်လို့တောင်

ပြုံးမပြရဲတော့လည်း

ကြောင်တောင်တောင်

မျက်နှာပေးနဲ့

တစ်ဖက်လေးကိုငေးလို့

ခက်ဝေးဝေးကိုပဲ

ပြေးခဲ့မိတယ်…

သတိရရဲ့လားလို့တော့

ယောင်လို့တောင်

မမေးစေချင်ဘူး

မအေးမြတဲ့

အတွေးတွေအတွက်

ပေးသမျှနဲ့

ငါမကျေနပ်လည်း

အဆွေးသမားလို့တော့

ကိုယ့်ကိုယ်ကိုနာမည်မတပ်ခဲ့…

နာမည်မတပ်ပါနဲ့ လန်ထွက်နေအောင်ကောင်းတော့ မန့်ရမှာတောင် အကြံခက်သဗျ..

commentinfo By: 13th at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment