တစ်ခါတုန်းက
ကြာတော့ကြာခဲ့ပါပြီ
မိုးတိမ်အမှတ် ကိုး မှာ
တယောပြာတစ်လက်နဲ့
ကျန်ရစ်ခဲ့…
အယောင်ဆောင် ကောင်းကင်က
သတိတရမျက်နှာ
မျက်ဖြေ လင်္ကာတစ်ပုဒ်လောက်
သောက်ခွင့်ပေးစမ်းပါ…
စကားတစ်ခွန်းကိုပိုက်ရင်း
လမ်းတွေလဲအစင်းစင်းပျောက်ရှခဲ့
ကြယ်တွေရဲ့ အပြန်လမ်းမှာလဲ
ငါ သင်းကွဲခဲ့တာပါပဲ….
ငြိမ်းချမ်းပါစေ
ပျော်ရွင်ပါစေ
ကောင်းခြင်းတွေ ဆိုက်ရောက်နိုင်ပါစေ
ငါဆုတောင်းနေပါရဲ့…
မလိုက်ပါနိုင်ပေမယ့်
စိတ်နဲ့တော့ ရောက်ပါလိမ့်မယ်
တကယ်သတိရရင်
ငါ့ကို မြင်တတ်မှာပေါ့ကွယ်…
သတ္တု အိပ်မက်တွေ အရည်ပျော်ကျ
ဒီအခြေရောက်မှတော့
ရင်လွဲချိန် ရှိပါစေလေ
စနေမိုးမှာပဲ အသည်းကွဲလိုက်ပါ့မယ်…
လွမ်းဖို့ချည်းထွက်တဲ့ခရီးမှာ့
ဘ၀ဆိုတာ ပင်လယ်ပြာပြာတစ်ချပ်ပေါ့
ငါ့ကို တော့ မခေါ်တော့နဲ့
ငါက မင်းရဲ့ဘေးမှာ ရုပ်ပြောင်းကိုယ်ခွာ
မဟာဆိုတာလဲ ဖြစ်နေအုံးမှာပေါ့….ံ့
Comment #2
မလိုက်ပါနိုင်ပေမယ့်
စိတ်နဲ့တော့ ရောက်ပါလိမ့်မယ်
တကယ်သတိရရင်
ငါ့ကို မြင်တတ်မှာပေါ့ကွယ်…
By: nwenyeinaye at Oct 14, 2011
Comment #3
ကြာတော့ကြာခဲ့ပါပြီ
မိုးတိမ်အမှတ် ကိုး မှာ
တယောပြာတစ်လက်နဲ့
ကျန်ရစ်ခဲ့…
အယောင်ဆောင် ကောင်းကင်က
သတိတရမျက်နှာ
မျက်ဖြေ လင်္ကာတစ်ပုဒ်လောက်
သောက်ခွင့်ပေးစမ်းပါ…
စကားတစ်ခွန်းကိုပိုက်ရင်း
လမ်းတွေလဲအစင်းစင်းပျောက်ရှခဲ့
ကြယ်တွေရဲ့ အပြန်လမ်းမှာလဲ
ငါ သင်းကွဲခဲ့တာပါပဲ….
ရေးသားပုံတွေကြိုက်တယ်…ဗျာ….။ 🙂
By: terry at Oct 14, 2011
Comment #4
ကဗျာနောက်ဆုံးအပိုဒ်လေး တကယ်ဖတ်လို့ကောင်းတယ်ဗျာ အားပေးသွားတယ် ။
By: X - ray at Oct 14, 2011
Comment #5
ဒီကဗျာလေးအရမ်းကြိုက်ပါတယ်….အားလည်းကျသွားတယ်..ဗျာ
By: အသဲကွဲမိုး at Oct 14, 2011
Comment #6
ကောင်း၏
By: Red Demon at Oct 14, 2011
Comment #7
စကားတစ်ခွန်းကိုပိုက်ရင်း
လမ်းတွေလဲအစင်းစင်းပျောက်ရှခဲ့
ကြယ်တွေရဲ့ အပြန်လမ်းမှာလဲ
ငါ သင်းကွဲခဲ့တာပါပဲ….
By: မေပျို at Nov 27, 2012




Comment #1
ငြိမ်းချမ်းပါစေ
ပျော်ရွင်ပါစေ
ကောင်းခြင်းတွေ ဆိုက်ရောက်နိုင်ပါစေ
ငါဆုတောင်းနေပါရဲ့…
ကောင်းတယ်ဗျ။အားပေးသွားပါတယ်။