Professional Authors

နှစ်သစ်မှာ ပျော်ရွှင်ပါစေ

လူပေါင်းများစွာကြိုဆိုနေကြတဲ့ နှစ်သစ်ကို

ငါလည်း တိတ်တိတ်လေး ကြိုဆိုခဲ့တရ်။

( လူမသိသူမသိပေါ့ )

 

ဒီဇင်ဘာရဲ့နောက်ဆုံးညက

လူတစ်ကိုယ်လုံးကို

ထုံကျဉ်စေတရ်။ ( အေးတရ် )

 

11:50 PM

တဂျောက်ဂျောက်နဲ့ လှုပ်ရှားနေတဲ့

ငါ့ရဲ့လက်တွေက

“ နှစ်သစ်မှာပျော်ရွှင်ပါစေ” ဆိုတဲ့

မက်ဆော့လေးတစ်ကြောင်းကို

အကောင်ထည်ဖော်နေခဲ့တရ်။ (ရင်ခုန်သံတွေနဲ့ပေါ့ )

 

ချီတုံချီချ ဖြစ်နေတဲ့

စိတ်ကူးတွေကလည်း

Draft box လေးထဲ

အစောင်ရေမနည်းတော့ဘူး ( ငါတွေဝေနေဆဲ )

 

12:01 AM

‘HAPPY NEW YEAR’ ပါဗျာ….။

 

စို့တက်လာတဲ့

ဝမ်းနည်းမှုတွေက

ငါ့ရင်ကိုပူလောင်စေတရ်။ ( မျက်ရည်တွေနဲ့)

 

ေ န ရ စ် ခဲ့ ပါ တော့

 

နေသားတကျဖြစ်နေတဲ့

နင့်ရဲ့ဘဝလေးထဲ

နောက်တစ်ကြိမ်

နောက်တစ်ခေါက်

ငါ  ပြန် မ လာ တော့ ဘူး

 

ရယ်မောခြင်း ၊ ပျော်ရွှင်ခြင်းတွေနဲ့

ဘဝကို ပြီးပြည့်စုံစေခဲ့တဲ့

နှစ်လေး တစ်နှစ်ကိုတော့

ငါ အမှတ်ရ နေဦးမှာပါ ။

 

                                        မာန်ခက်ဝင့်

                                        2.1.2013

In: ကဗျာ Posted By: Date: Jan 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment