Professional Authors

ချုပ်ရိုးခုနှစ်ထပ်နဲ့ သက်တန့်ဒိုင်ယာရီ

ချုပ်ရိုးခုနှစ်ထပ်နဲ့ သက်တန့်ဒိုင်ယာရီ

1။
ခံစားလွမ်းလွန်းတတ်သူအပေါင်းတို့
ကိုယ့်သေတွင်း ကိုယ် တူကြ
အတိတ်ကို မြေမြုပ်မလား…………….
လူတစ်ချို့လည်း ကိုယ့် အတိတ်ကိုကျောပိုး ဒါလည်း ဘ၀ နေထိုင်နည်းတစ်မျိုးပေါ့

အနာဂါတ် ဈာပန အချိန်မနှောင်းမီသင့်ကို ပြောရန်ရှိသေးသည်
လာပါကွာ မနက်ဖြန်ကို မျက်နှာသစ်
မင်းကို ငါ့ ဒိုင်ယာရီဖွင့် ဖတ်ပြမယ်
ငါ မွေးတဲ့ နေ့ကပေါ့ ဘ၀ က ငါ့ကို နမ်းမလိုနဲ့ ပါးရိုက်သွားခဲ့တယ်
ဒါပေမယ့် ပန်းတစ်ပွင့်အဖြစ် ငါဖူးပွင့် ပြခဲ့တယ်
အောင်မြင်သူတို့စာရင်း မှာ ငါ့ ခုံနံပတ်ကို   ချဲထီ ထိုးဖို့ ချန်ထားခဲ့ကြတယ်
ဒါပေမယ့် ချုပ်ရိုးအထပ်ထပ်နဲ့ ငါ လှပစွာနေတတ်ခဲ့တယ်
မိုးလင်းလိုက် မိုးချုပ်လိုက် နဲ့ ငါချစ်တဲ့ ကောင်းကင်မလေး က မျက်နှာများခဲ့တယ်
ဒါပေမယ့် ကောင်းကင်းရင်ခွင်မှာ သက်တန့်အဖြစ် ငါရဲရင့်ပြခဲ့တယ်
မင်းသိလား သူငယ်ချင်း
မျက်နှာများတဲ့ကောင်းကင်အောက်
သက်တန့်တစ်စင်းက ပန်းတစ်ပွင့်အဖြစ် ချုပ်ရိုးခုနှစ်ထပ်နဲ့လှလှပပ
ဖူးပွင့်နေဆဲပဲ။

ကဲ မနက်ဖြန်ကို မျက်နှာသစ်
မင်းစာမျက်နှာအသစ်ဖွင့်သင့်ဖွင့်သင့်ပြီ။

In: ကဗျာ Posted By: Date: Aug 21, 2012
Comment #1

mike de
😛

commentinfo By: ei lay at Aug 21, 2012
Comment #2

ချုပ်ရိုးခုနှစ်ထပ်နဲ့ လောကဧည့်သည်…….

commentinfo By: moezat at Aug 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment