Professional Authors

ကိုယ်ရေးကိုတာ အပိုင်း(၂)

ကိုယ်ရေးကိုတာ
      အပိုင်း(၂)

ဟိုအရင် ကမ္ဘာဦးအစက
မကြွေဖူးတဲ့ သစ်ရွက်တွေ
ငါ့ရင်ဘက်ပေါ်
တစ်ဖြုတ်ဖြုတ် ကြွေတယ်…

ရိုးရိုးသားသား သန်ခံကြပါဆို့
ချစ်သူ………!!!!!!!!!!!!!!!!!
မင်းငါ့ကို မချစ်ဘဲနဲ့
ငါမင်းကို ချစ်တယ်…။

အသံထွက် မှန်ဖို့ လား
အရေးသား မှန်ဖို့ လား
မထင်မှတ်ဘဲ
ငါတို့နှစ်ယောက်ကြားမှာ
သံယောဇဉ်က မျက်နှာနာတယ်။

လက်တွေ့ တွေလဲ ကျကွဲ
အိတ်မက်တွေလဲ ကျကွဲ
ငါပဲလက်တုန် နေခဲ့တာလား…
ကွဲရှနေတဲ့ အိတ်မက်တွေကိုနမ်းရိုက်
သွေးစွန်းနေတဲ့ ငါ့ရဲ့လက်နဲ့
ဒီလမ်းလေးကို နူတ်ဆက်ခဲ့ပါတယ်
ယုံကြည်ပါ တကယ်ချစ်ခဲ့ဖူးပါတယ်
ခုတော့ စကားမပြောတဲ့အလွမ်းတွေနဲ့
လက်ညိုးတွေလဲ မထိုးတော့ဘူး
အိတ်မက်တွေလဲ မနိုးတော့ဘူး
အလွမ်းတွေ အလွမ်းတွေ
ဒီညနဲ့တင် ဖဲကြိုးဖြတ်ခဲ့ပြီ
                                            သောဏ ([email protected])

In: ကဗျာ Posted By: Date: Jul 10, 2010
Comment #1

“”””””””””” ယုံကြည်ပါ တကယ်ချစ်ခဲ့ဖူးပါတယ်
ခုတော့ စကားမပြောတဲ့အလွမ်းတွေနဲ့
လက်ညိုးတွေလဲ မထိုးတော့ဘူး
အိတ်မက်တွေလဲ မနိုးတော့ဘူး
အလွမ်းတွေ အလွမ်းတွေ
ဒီညနဲ့တင် ဖဲကြိုးဖြတ်ခဲ့ပြီ “””””””””””””

ဒီနေရာလေးက ခံစားရတယ် 🙂

commentinfo By: lwanhlainge at Jul 10, 2010
Comment #2

မဆိုးဘူး… အကြောင်းအရာ အငြိမ်လေးနဲ့
စကားလုံး အသွားထက်ထက်လေးတွေ ဒီကဗျာမှာ တွေ့ရတယ်…

Comment #3

ကွဲရှနေတဲ့ အိတ်မက်တွေကိုနမ်းရိုက်
သွေးစွန်းနေတဲ့ ငါ့ရဲ့လက်နဲ့
ဒီလမ်းလေးကို နူတ်ဆက်ခဲ့ပါတယ်
ယုံကြည်ပါ တကယ်ချစ်ခဲ့ဖူးပါတယ်
ခုတော့ စကားမပြောတဲ့အလွမ်းတွေနဲ့
လက်ညိုးတွေလဲ မထိုးတော့ဘူး
အိတ်မက်တွေလဲ မနိုးတော့ဘူး
အလွမ်းတွေ အလွမ်းတွေ
ဒီညနဲ့တင် ဖဲကြိုးဖြတ်ခဲ့ပြီ

အဲဒီ အပိုဒ်လေး ကြိုက်တယ်

commentinfo By: chocolate at Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment