ကိုယ်ရေးကိုတာ (1)
ကိုယ်ရေးကိုတာ
အပိုင်း(1)
အချစ်ဆိုတာ…
လွန်လွန် ကျူးကျူးသောက်မိတဲ့
အရက်လိုပဲ မူးမှ မူးမှန်းသိတာ
ဒါတွေကို သိတော့လည်း
ငါမူးနေတုန်းလေ……..။
တာရာမင်းဝေလည်း ရေးတာပဲ
မောင်ချောနွယ်လည်း ရေးတာပဲ
ငါရေးတော့မှအချစ်က အစွန်းရောက်သွားတယ်
မူးမူး ရူးရူးနဲ့ ချစ်တာမဟုတ်ဘူး
ရုးရူး မူးမူးနဲ့ ချစ်တာ
တစ်ယောက်နဲ့ တစ်ယောက်
ချစ်တာ အစွန်းရောက်
ဝါဒ မဟုတ်ဘူး
ဒါတွေကို ရှင်းပြဖို့ 
မင်းချောက် ကမ်းပါးက
ပြန်လာခဲ့ပါ ချစ်သူ
ငါတို့ရဲ့ ဇာတ်လမ်းတစ်ပုဒ်က
မစရသေးပဲ ဆုံးတော့မယ်
မင်းက အချစ်နဲ့  စစ်
ယှဉ်လာရင် ဘယ်ဟာကို
ကြောက်ရ ကောင်းမှန်း
မသိတဲ့ ကောင်မလေးပါ
မင်းစဉ်းစားပါ
စဉ်းစားတယ်ဆိုတာ
မင်းကိုမင်း ပြန်တွေ့ နိုင်မယ့်
မြေပုံကြမ်း တစ်ချပ်ပါ…
ငါနှစ်လုံးသားနဲ့ ရင်းပြီး
ဆုတောင်းပေးပါတယ်
တစ်နေ့ မင်းကိုမင်း
ပြန်တွေ့ နိုင်ပါစေ………
သောဏ