Professional Authors

နိဒါန်းတစ်ခု၏နိဂုံး

သဇင်ပျို၊
ပင်အိုမှာကြိုင်လန်း
ယှဉ်ကာပင်၊လှပြိုင်ကြတော့ 
သစ်အိုပင်၊ဇရာထောင်းလို့ 
လက်မှိုင်ချလွမ်း………
………………………..
ပင်မြင့် ပျော်
တော်ဝင်သည့် ဒီပန်း
လှမ်းလို့ ဖြင့် ချူမယ်ကြံတော့ 
တက်ခက်သည့်ဟိုပင်ထိပ်ဖျား
မာန်တင်းကာထား…………….
………………………………..
ပန်းသဇင်
ဝင့် ထယ်လှလေတော့ 
တင့် တယ်မှသူ့ ကိုပန်စေချင်
မာန်တွေတင်ခေါင်းကိုမော့ ကာထား
ပန်းပေါင်းစုံကြား…………………
…………………………………..
ရာသီတွေ
ပြောင်းကာဟောင်းကုန်တော့ 
ပျိုသဇင်ပွင့် ချပ်ကြွေကာဖြင့် 
ပင်အိုကိုခွန်းဆက်ခြွေပါလို့ 
မြေခလို့ သွား………………
…………………………….
                        
                                            မင်းလူန

In: ကဗျာ Posted By: Date: Jul 9, 2010
Comment #1

ကောင်းလိုက်တဲ့ ကဗျာလေး 🙂 အားပေးနေမယ်နော်

commentinfo By: lwanhlainge at Jul 9, 2010
Comment #2

ကျေးဇူးတင်ပါတယ်အားပေးလို့ ။ကြိုးစားပါ့ မယ်

commentinfo By: kathitni1980 at Jul 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment