Professional Authors
အတ္တ……………..(၁)
အလွမ်းမပါသောအချစ်
ဘာဖြစ်ဖြစ်တင့် တယ်မှာမဟုတ်ပေမဲ့
မလွမ်းချင်ဘူး
လွမ်းရမယ်ဆိုလဲ
အနားမှာမင်းနေပေးပါ
မင်းကိုကြည့် ရင်လွမ်းမယ်
ငါသီကျူးသော
ငါ့ အလွမ်းတွေနဲ့ 
ရစ်သီရစ်သီဖြစ်နေဆဲပဲပေါ့ 
ဒါလင်ရယ်
ပန်းသီးမစားပါနဲ့ကွယ်
အလုပ်မရှိရင်လဲပန်းသီးတော့ မစားပါနဲ့ ကွယ်
ဥယျာဉ်ထဲကလူတွေလို
အလှဆုံးဒုက္ခကို
အရောင်ခပ်ပြေပြေနဲ့ 
ခြယ်မှုန်းဖို့ 
ငါ့ ကိုပြန်ချစ်ပါနော်
ပန်းသီးလဲစား
ရော့ …………ဒါလင်
                                   မင်းလူန
In: ကဗျာ Posted By: Date: Jul 5, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment