Professional Authors

မေ………..သို့ (၁၂)

လက်လှမ်းမှီသလောက်
တွေးလိုက်တယ်
မြစ်တစ်ခုရဲ့ တင့် တယ်မှု့ အတွက်
အဓိကလိုအပ်ချကိကရေ
ဖြေးဖြေးလေးစီးဆင်း
မြန်မြန်လေးစီးမျော
သွက်သွက်လေးရိုက်ခက်
အကောင်းဆုံး
ရပ်တည်မှု့ကတော့ စီးဆင်းသောမြစ်မို့ 
မျှတသော
ပြောင်းလဲမှု့ တွေနဲ့ 
သူ့ မာယာကိုသူ့ ဟာသူခင်းကျင်းရဲ
သူ့ တိုက်ပွဲမှာတော့ 
သူရဲကောင်းဆန်ဆန်
ပေးဆပ်နိုင်ခဲ့ တာပဲလေ
အချစ်တစ်ခုရဲ့ တင့် တယ်မှု့ ကရော
ရေပါပဲပေါ့ …………..
ဈေးစကားပြောမိတဲ့ ဒီပါးစပ်အတွက်
တစ်ခါမှနောင်တမရမိဘူး……မေ
မင်းနဲ့ ငါ့ ကြား
တံတိုင်းတစ်ခုခြားလို့ ထား
ဒီတစ်ခါ
ကိုလေးဖြူကိုမင်းကြားအောင်
မင်းနာမည်ထည့် ဆိုစေချင်တယ်
မေနဲ့ ကိုယ့် ကြား
ရေခြားနေတယ်
ရေပေါ့ ……………မေ

                          မင်းလူန

In: ကဗျာ Posted By: Date: Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment