Professional Authors

လွမ်းဆဲ

နားလိုက်တော့ 
ငါ ………….မနေ့ ကအိမ်မက်တွေနဲ့ 
ငါ့ ရှင်သန်မှု့ ကို
ဘောင်မကွပ်ဖူး
မျော်လင့် ချက်ဆိုတာ
မသေချာသော
့ဓါတ်သဘောတစ်ခုဖြစ်ကောင်းဖြစ်မယ်
အဲ့ ဒါနဲ့ ပဲငါက
ငါ့ ရဲ့ နေ့ သစ်ကိုကူးခက်မယ်
ရွက်လွင့် မယ်
မင်းမရှိတော့ လို့ ……….
ငါ့ အနာဂါတ်ကို
အစိုင်အခဲတွေနဲ့ 
နလံမထူနိုင်အောင်
ရိုက်မသက်တော့ ဘူး
အင်တိုက်အားတိုက်ငါ့ ကိုယ်ငါ
မာန်တင်ခဲ့ ပါသေးတယ်
ဒါပေမဲ့ 
ငါက……………………
ဘယ်လိုမှပုံသွင်းလို့မရတော့ တဲ့ 
ကွန်ဆာဗေးဒစ်တစ်ယောက်လို
နေ့ ရက်အိုအိုတွေနဲ့ 
မျောနေဆဲပါကွယ်

                           မင်းလူန

In: ကဗျာ Posted By: Date: Jul 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment