Professional Authors

မေ………….သို့ (၃)

မေ……………………
ခုထိအမှတ်ရနေတာ
သတိရနေတာဟာ
ငါကိုယ်တိုင်ကျေနပ်စွာခံယူထားတဲ့ အရှုံးတစ်ခုရဲ့ 
ဆိုးရွားသောရလဒ်တစ်ခုပါ
ဒါပေမဲ့ သတိတရချစ်နေတုန်းပါပဲ
မင်းရက်စက်တယ်လို့ ပြောနိုင်ဖို့ လဲ
ငါ့ မှာခွန်အားမဲ့ ခဲ့ တယ်
ဘ၀လို့ မင်းသိလိုက်တဲ့ ငါတို့ နှစ်ယောက်ရဲ့ အချစ်ဟာ
တစ်ကယ်တော့ အေးစက်နေတာကြာပြီမှန်း
သိရက်နဲ့ မသိချင်ဟန်ဆောင်နေခဲ့ တယ်
မင်းကိုနာကျည်းလိုက်တာ
စိမ်းဖို့ စွမ်းနိုင်တယ်နော်
မင်းရဲ့ ရင်ဘတ်ထဲမှာအချစ်က
ခပ်စောစောသေဆုံးနေတာ
ငါမသိခဲ့ လို့ ပါလို့ 
ငါအကြောက်အကန်ငြင်းချင်လိုက်တာ
တစ်ခုခုပေးဆပ်ခဲ့ ရတယ်မေ…………..
မင်းသိဖို့ မရည်ရွယ်ပေမဲ့ 
ငါရင်ဖွင့် သံကိုတော့ ဒီကဗျာတွေထဲကနေ
မင်းကိုမြင်စေချင်ခဲ့ တာ
ငါ့ရဲ့ အရိုးသားဆုံး
အတ္တဖြူဖြူလေးတစ်ခုပါမေ။
ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ်
မင်းကိုတိုက်ဆိုင်စွာလွမ်းတက်ဖို့ လဲ
ငါ့ ရဲ့ စိတ်ခံစားမှု့ က
နုံချာစွာအားပျော့ နေကျလေ
ငါကို………..လွမ်းပေးပါ
သတိရပေးပါ
ဆက်ချစ်နေပေးပါ
မင်းရဲ့ အသက်ရူသံတွေနဲ့ အတူရှင်သန်ခွင့် ပေးပါ
ဒါကငါ့ ရဲ့ အစွန်းရောက်တောင်းဆိုမှု့ တွေပါ
တစ်ကယ်ကငါ့ ကိုမေ့ သွားပြီ
ငါသိပါတယ်မေ……………..
ဒါပေမဲ့ …………
ငါနဲ့ မင်း
ဝေးသွားပြီဆိုတာကို
လက်ခံပေးလို့ ကိုမရနိုင်ပါဘူး
ဒီနေ့ လဲငါ့ ငိုသံတွေက
မင်းဆီ
မင်းရှိရာဆီဦးတည်လို့ 
ငါ့ ရဲ့ စေတသိတ်ကမင်းဆီ
ပျံသန်းလာနေပါပြီ………………..မေ

မင်းလူန

In: ကဗျာ Posted By: Date: Jun 20, 2010
Comment #1

မင်းလူန ကသေချာမပြောခဲ့ဘူးထင်တယ် ။
သူ့ကို ချစ်တာကိုလေ ။ ရတုတော့ အဲလိုပဲထင်တယ်။
တခါတလေ ယောက်ျားလေးတွေက ဘာလို့ သူတို့ရင်ထဲက အရှိအတိုင်း ကိုယ့်ချစ်သူကို မသိစေချင်တာလဲ မသိဘူး။
ရတု ခံစားလို့ရတယ်။ ဒီလိုပါပဲ ။ ပိုချစ်သူက ပိုခံစားရတာပဲလေ။
နောက်တခါသာ အခွင့်အရေးရခဲ့ရင် သူ့ကို လွယ်လွယ်နဲ့ လက်မလျှော့နဲ့ ။ ရအောင်လိုက် ။ရတု အားပေးတယ်။

commentinfo By: yatu at Jun 20, 2010
Comment #2

သူကပြောပြဖို့ မလိုလောက်အောင်ကိုသစ္စာတရားဆိုတာကို
ဒြပ်တွေနဲ့ ယှဉ်ထိုးသွားတာပါရတုရယ်။

commentinfo By:ုkathitni1980 at Jun 27, 2010
Comment #3

ဟုတ်တယ်ဗျ……ပိုချစ်တဲ့သူက ပိုခံစားရတယ်………
ကိုယ်ချင်းစာပါတယ်ဗျာ………….

commentinfo By: kyeyoung at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment