Professional Authors

အရူး…………အမူး

မေ့ လိုက်တော့ မောင်ရယ်တဲ့ 
ရွှေချထားမယ်
မင်းပါးစပ်ကို
ရွှေချထားလဲ
ကြွေကျသောစကားလုံးများအောက်မှာ
ကြေမွသွားတဲ့ နှလုံးသားကို
သေမှထားခဲ့ ပါချစ်သူ……….
မေ့ လို့ မရဘူးတဲ့ 
တော်တော်ယုံခဲ့ 
ပုံဟဲ့ လို့ 
ကို့ ကိုယ်ကိုသတိပေးခဲ့ တာတောင်
မေ့ ချင်ဟန်ဆောင်ရင်း
ရှေ့ ဆက်တိုးတော့ 
ကွဲလိုက်တဲ့အသဲတွေ
ပိုးစိုး…………….ပိုးစိုးပက်စက်
ဒါနဲ့ တောင်အမှတ်မရှိပဲ
မေရယ်……….
အိမ်ပြန်ရင်လွမ်းပေးပါဦးလို့ 
တိတ်တိတ်လေးတောင်းဆိုးမိတဲ့ 
ဒီပါးစပ်
အစားမတက်တော့ 
တစ်လုပ်နဲ့ 
ပုပ်ပဲ့ ကျသွားတဲ့ 
အစားတွေနဲ့ ကြမ်းပြင်မှာလူးလိမ့် ရင်း
အသဲအစားထိုးကုထုံးနဲ့ 
ချစ်တယ်လို့ 
တွင်တွင်ကြီးသုံးမိသေးတယ်။

မင်းလူန

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

မိုက်တယ်…..အားပေးနေပါတယ် အမြဲ

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #2

ရေလည် မိုက်တယ်

commentinfo By: လေပြေ at Feb 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment