Professional Authors

ဂတိနဲ့ တောင်းခံသောဆု မင်းလူန

နားလိုက်တယ်
မင်းမရှိတော့ လို့ 
ငါ့ နှလုံးသားကိုအနားပေးလိုက်တယ်
ခုဆိုဘယ်သူမှတောင်ဝင်ခွင့် မရှိတော့ ဘူး
သိပ်ခိုင်ခံ့ တဲ့ 
တံခါးမကြီးတွေအထပ်ထပ်နဲ့ 
ငါ့ ရင်ဘက်မှာ
မင်းနဲ့ ပါတ်သက်တဲ့ လက်ကျန်အလွမ်းတွေ
ယိုစိမ့် ပျောက်ပျက်မသွားအောင်လဲ
နှလုံးသားကို
တစ်ခုခုနဲ့ ထုပ်ပိုးထားမိတယ်
အဲ့ ဒါက
မင်းပြောဖူးတဲ့ 
ချစ်တယ်မောင်ရယ်ဆိုတဲ့ 
ဒိုင်ယာလော့ ခ်လေး
အဲ့ ဒါလေးရုတ်သိမ်းမသွားပါနဲ့ နော်

မင်းလူန

In: ကဗျာ Posted By: Date: Aug 5, 2010
Comment #1

Thz so so much.
🙂

commentinfo By: ei lay at Oct 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment