Professional Authors

ငါ = ???

ပျော်ရွှင်စွာ ခုန်ပေါက်နေရမဲ့
မနက်ဖြန်တိုင်း
မင်းမရှိတော့လဲ
ခပ်ပါးပါးချကြဲထားတဲ့အမုန်း
ငါစားသုံးရင်း
သုံးစားမရတဲ့စကားလုံးတွေနဲ့
ငါဝမ်းနည်းမှုကြေကွဲမှုတွေကို
ဖော်ထုတ်မရဘူးကွာ။
သိပ်လှပါတယ်လို့ပြောကြတဲ့
မျက်လုံးဝိုင်းဝိုင်းက
စိမ့်စီးနေတာတွေက
သူတို့ပြောကတယ်
မျက်ရည်တွေတဲ့။
ဒါပေမဲ့
ငါ့ပါးပြင်ထက် လက်နဲ့သပ်လိုက်တော့
တွေ့လိုက်ရတာ
မျက်ရည်တွေမဟုတ်ဘူး
အလွမ်းတွေ။
ငါစားသမျှ သောက်လိုက်သမျှ
ခန္ဓာကိုယ်ကပြောင်းတာ
အာဟာရတွေမဟုတ်ဘူး
မင်းအတွက်ဖြစ်တည်မှုတွေ။
ငါနှလုံးသားထဲက
ညှစ်ညှစ်ထုတ်နေခဲ့တာ
သွေးတွေမဟုတ်ဘူး
မင်းနာမည်တွေ။
အခုဒီမှာရပ်နေတာ
ငါမဟုတ်ဘူး
မင်းချန်ရစ်ခဲ့လူ။

In: ကဗျာ Posted By: Date: Oct 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment