Professional Authors

ရှားပါးချစ်သူ ( ၀ါ ) ချစ်သူဋီကာ

အို…..အသင်လောက
ချစ်သူဋီကာ ဖွင့်ပါရစေ
ကျွန်တော့်ချစ်သူ…..သူရယ်လေ
ဘောလုံးကျွမ်းကျင်…ဘူအရှင်
Game မှာဘုရင် Chess မှာဆရာ
မြန်တဲ့လက်သီး  ရှုမညီး
လျှပ်ပျက်သလား
မှတ်ထင်ရပြန်၏….
သူ့ချစ်ပုံကို နမူနာယူကာ
ကိုယ့်ချစ်သူကို ချစ်ကြပါလို့
တိုက်တွန်းပါရစေ မာတုဂါတို့ရေ….
လျှပ်စီးလက်သီး…..တံတောင်မိုးကြိုး
မျိုးစုံသုံးလို့….တစ်ခါတစ်ခါ
ဒရက်ကူလာပင်  ထိုင်ငေးရလောက်အောင် ကိုက်တတ်ပြန်၏
အချုပ်ဆိုရသော်  သူချစ်ပုံက
အားမာန်တက်ဖွယ်ရှိလှပေရာ
အတုယူလော့ မိန်းကလေးတို့…..
ထပ်ပြောရလျှင် လွန်တဲ့
ကရုဏာ ပြောဖွယ်မရှိ
ဖြစ်ပေလိမ့်မည်…….
Vegas , Signal , Betal
အဝေးသို့ဖယ်…မဖယ်
ခဲ့ညား…လက်သီးစားရခြိမ့်…
Beer အရက် ထန်းရည်
ကော့တေး အဝေး မပြေးလျှင်လည်း
အနမ်းပါမစ် မကျသည့်အပြင်
တံတောင်အရာ ဗိုက်ခေါက်ပေါ်မှာ
အညိုအမည်း ဧကန်စွဲမည်ပင်…
သို့ပေမယ့်လည်း…ငါဟဲ့ယောကျာင်္း
ဒီလိုတော့ဖြင့် လာမစမ်းနဲ့
ရှူးရှူးရှဲ..တောက် …မြည်သံပြုကာ
ခေါင်းမော့ရင်ကော့ ခါးထောက်ရင်းဖြင့်
ပြောပစ်လိုက်သည်…ဟုတ်ကဲ့…
တစ်ခွန်းဖြစ်လေသတည်း……..ငါကွ…..

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

ဟုတ်ပါ့ ကိုရန်သူရေ

ငါ့ဟဲ့ ယောက်ျား မာနအားနှင့်
ကြောက်စိတ်တော့ သွေ
ချစ်စိတ်ပွေလို့
သူ၏ အလို
ရွှမ်းရွှမ်းစိုမျှ
အလိုလိုက်ရပါသည်

လို့ပဲပြောရမှာပေါ့နော် ။ 😛

commentinfo By: Lazy Poet at Jul 1, 2010
Comment #2

kwi,,kwi,,,
rofl,,,
hote loh lar har?
pout ka ya tway.
chit lun loh phyit twar tar nay hmar pop loh,,a he,,, 😛

commentinfo By: ei lay at May 13, 2012
Comment #3

A hak,,,
A hak,,,,
He..he….
He..he…
😛
Chit loh par.
Sate pu loh par naw.
Ne ne pe soe tar par.

commentinfo By: ei lay at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment