Professional Authors

ချစ်သူ ..များနေ့ ( February .. 14 )

ကောင်မလေးရယ် …
ဆံသားတွေ အရောင်မပြောင်းခင် …
သွားတွေ အစီအရီ ရှိနေတုန်း …
စောင့်နေတဲ့ အဖြေ တ၀က်လောက်ဖြစ်ဖြစ်
လိုချင်နေမိသူရဲ့ ခံစားချက်တွေ
ရင်ထဲမှာ ခံရခက်အောင် မွန်းကြပ်လို့
နောက်လာမယ့် နေ၀င်ချိန်တွေကို
အတူ ထိုင်ကြည့်ခွင့် ရချင်တယ် …

ချစ်သူတွေ ပျော်မြူးမယ့်
ဖေဖော်ဝါရီ ( ၁၄ )လည်း
တဖြေးဖြေး ချဉ်းကပ်လာလို့
အချစ်ရဲ့ အဝေး
ထွက်လို့ ပြေးမှာကို
တိတ်တိတ်လေး စိုးရိမ်တယ် …

အွန်လိုင်းပေါ်မှာ တွေ့ပေမယ့်
မင်း ထင်တဲ့ အပေါစား ချစ်တဲ့သူတွေလို
ငါ့နှလုံးသားရဲ့ သံစဉ်လှိုင်းကို
အရောင်ခြယ်လို့ မရောလိုက်ပါနဲ့ …
ချစ်တတ် သူတွေရဲ့
အဖြူရောင် အချစ်စစ်စစ်တွေ
အွန်လိုင်းကွန်ယက်မှာ ပျံသန်းနေပါသေးတယ် … ကောင်မလေးရယ် … ။

Zero ( [email protected] )

In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

မိုက်တယ်ဗျာ

commentinfo By: Village chat kyi at Feb 8, 2012
Comment #2

ကဗျာကောင်းလေးဗျ
အချစ်စစ်တွေရှိနေသေးကြောင်း သက်သေကဗျာလေးပေါ့ ။

commentinfo By: X - ray at Feb 8, 2012
Comment #3

ကျေးဇူးတင်ပါတယ် … ကဗျာကို ဖတ်ပြီး ဝေဖန်ပေးတဲ့အတွက် ချစ်သူများနေ့မှာ ပျော်ရွှင်နိုင်ပါစေ ….

ဆုတောင်းလျက် …. Zero Boyz

commentinfo By: Zero Boyz at Feb 8, 2012
Comment #4

good luck

commentinfo By: ei lay at Feb 8, 2012
Comment #5

ကိုကြီးချစ်သူများနေ့အတွက်ဂျူးနဲ့ဂျူးချစ်သူအတွက်ကဗျာလေးနည်းနည်းလောက်ရေးပေးစေချင်ပါတယ်ရေးပေးပါနော်

commentinfo By: ဂျူ ဂျူး at Feb 9, 2012
Comment #6

ဂျူးဂျူးရေ … ကဗျာတစ်ပုဒ်ရေးပေးတယ်ဆိုတာ .. ဂျူးဂျူးနဲ့ ဂျူးဂျူး ချစ်သူရဲ့ အခြေအနေနဲ့ အကြောင်းတရားတွေကို သိမှ ရမယ်လေ … ကို့ရဲ့ Gtalk ကို အက်လိုက်နော် … အဲကျ ပြောပြပေါ့ …. ရေးပေးပါ့မယ် ….
ခင်တတ်တဲ့ …
Zero Boyz

commentinfo By: Zero Boyz at Feb 9, 2012
Comment #7

အွန်လိုင်းပေါ်မှာ တွေ့ပေမယ့်
မင်း ထင်တဲ့ အပေါစား ချစ်တဲ့သူတွေလို
ငါ့နှလုံးသားရဲ့ သံစဉ်လှိုင်းကို
အရောင်ခြယ်လို့ မရောလိုက်ပါနဲ့ …
ချစ်တတ် သူတွေရဲ့
အဖြူရောင် အချစ်စစ်စစ်တွေ
အွန်လိုင်းကွန်ယက်မှာ ပျံသန်းနေပါသေးတယ် … ကောင်မလေးရယ် … ။

commentinfo By: zawthetoo at Feb 10, 2012
Comment #8

အရမ်းကောင်းတာပဲ နောက်လည်း များများရေးဦးနော် အကိုဇီးရိုး

commentinfo By: soemyatsandi at Feb 27, 2012
Comment #9

Sweet Valentine’s day to everyone.

commentinfo By: ei lay at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment