Professional Authors

“ချစ်သူ..သိစေ”

ရိုးရိုးလေးပါပဲ…
တိုးတိုးပြီး ချည်မိတဲ့ကြိုး…
သံယောဇဉ်ဆိုတာ…
ဖြတ်ရခက်တဲ့ အမျိုးလေ……

သူ့အတွက်ပဲတွေး….
သူစိတ်ချမ်းသာဖို့..ကိုယ့်ဘ၀ကိုပေးလို့….
သူပျော်ရင်ကျေနပ်….
စိတ်ထဲကပဲ ပြုံးနေတတ်တာပါ…..

အေးတိအေးစက်…
ပေါ့ပျက်ပျက်လို့ ကိုယ့်ကိုထင်လား…
ရင်ထဲကိုမြင်အောင်ကြည့်…
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ သူရှိတယ်…..

အတူရှိတဲ့အချိန်တိုင်းဟာ…
ပျော်ရွှင်ခြင်းအတိ…
ကိုယ့်အတွက်တော့…
စက္ကန့်တိုင်း အဓိပ္ပာယ်ရှိလို့ပေါ့……

အတ္တတွေကို သော့ခတ်….
မာန်မာနတွေ ပယ်ဖျက်လို့….
နှစ်ယောက်ဘ၀အရေး .. အမြဲတွေးနေတတ်တာ…
သူသိစေချင်လိုက်တာ……

နာကျင်စရာတွေ ဝေး
ဝမ်းနည်းစရာတွေ မပေးပါဘူး…
တစ်ခါတစ်ခါတော့….
ကိုယ့်ဘက်ကိုငဲ့…
ကိုယ့်နေရာက..တစ်ချက်ကြည့်လှည့်ပါ……

နားလည်မှုဆိုတာ….
ဘ၀မှာ…လိုအပ်တဲ့အရာမို့…..
စာနာစိတ်တွေနဲ့ ထိန်းသိမ်း….
တစ်သက်လုံးအတွက်…
စောင့်ထိန်းကြရအောင်နော်……

နေခြည်နွေးကထွေးပွေ့….
လေပြေညင်းကဆီးကြို
ဒါဆို….
မနက်ဖြန်တိုင်းက ချိုနေမယ်လေ…….

လေးညှို့ရှင်
16.8.2013
(11:11 PM)

In: ကဗျာ Posted By: Date: Aug 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment