Professional Authors

မကြောက်တရားများပေးပါ မေမေ

မေမေ

ဘ၀က စမ်းသပ်ကွင်းတစ်ခုထဲ ပြန်ပြန်ရောက်သွားတယ်

ကစားပွဲတိုင်းလည်း ကျွန်တော်က အရှုံးတွေ သိပ်များတယ်

အဆုံးမှာ ဒဏ်ရာဆိုတာ ကျွန်တော့်ရဲ့ အမှတ်အသားတစ်ခုပေါ့

အခါခါ ပြန်လည် ကျဆုံးတိုင်း အသစ်ပြန်လည်နိုးထနေရတာ

ကျွန်တော့် ရှင်သန်မှုမှာ ကျွန်တော့်ရဲ့ ပင်ကိုယ်ဖြစ်မှုတွေ ပျောက်ဆုံးကုန်ပြီ

မေမေရယ်

ဒီတစ်ခါလည်း ကျွန်တော်

စမ်းသပ်ကွင်းတစ်ခုထဲ ပြန်ရောက်နေပြန်ပြီလေ…..။

 

မေမေ

ကျွန်တော် ဒီတစ်ခါရော အောင်နိုင်ပါ့မလား

ကျွန်တော် သိပ်ကြောက်နေတယ်

ကျွန်တော့်ရှေ့က စမ်းသပ်ကွင်းကြီးကို ကြောက်တာ မဟုတ်ပါဖူး

ဘယ်ခါမှ မနိုင်ခဲ့တဲ့ ဒီလိုအချိန်က ဒဏ်ရာတွေကိုပါ

Tilte တွေကတော့ ပြောင်းပြောင်းလာခဲ့တယ် မေမေရယ်

ခံစားလိုက်ရတဲ့ ရင်ဘတ်ကြီးတစ်ခုလုံးကတော့ အဟောင်းအတိုင်းပဲ

စိုးကြောက်နေတုန်း….။

 

မေမေ

နံနက်ခင်းတွေက တံခါးခေါက်ပြန်ပြီ

မကြောက်တရားတွေနဲ့ နိုးထခြင်းတွေကိုသာ ပေးသနားပါ မေမေရယ်

နောင်တစ်နေ့ ကျွန်တော် အိမ်ပြန်လာတဲ့အခါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အပြည့်သယ်လာခဲ့ပါမယ်

ထုပ်ပိုးသယ်လာတဲ့ မေမေ့အတွက် လက်ဆောင်ဟာ

ကျွန်တော်ရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်တစ်ခုနဲ့ရွာသွန်းမယ့် မိုးတိမ်တစ်ခု အဖြစ်ပေါ့

အဲ့ဒီမိုးတိမ်ဟာ ကျွန်တော့်အတွက် စစ်မှန်တဲ့ မျှော်လင့်ချက်တွေ

ထွန်းလင်းထားတဲ့တစ်နေရာတော့ ဖြစ်ပါစေ မေမေရယ်

 

မေမေရယ်

ဒီတစ်ခါလည်း ကျွန်တော်

စမ်းသပ်ကွင်းတစ်ခုထဲ ပြန်ရောက်နေပြန်ပြီလေ…..။

 

(စကားချပ်။   ။ “ဘ၀” ဆိုတာ တိုက်ပွဲတစ်ခုတဲ့….။ အမှန်တကယ်က တိုက်ပွဲကြီးကြီးတွေရော တိုက်ပွဲ သေးသေးလေးတွေရော အများကြီး ပါဝင်ပါတယ်….။ ကာယ၊ ဥာဏ အားတွေနဲ့ အပြင် ကံတရားဆိုတဲ့ အလိုက်ကမ်းဆိုး မသိတတ်တဲ့ အရာတစ်ခုနဲ့လည်း တစ်ခရီးတည်း အတူ ထွက်နေရတတ်တာ ဘ၀ပါ…။  တစ်ကွေ့ပြီး တစ်ကွေ့သွားရင်းနဲ့ ဘ၀ရဲ့ မိုင်တိုင်မှတ်မှုတွေမှာ စိတ်လောင်စာတွေ အနည်းငယ် ယိုင်နဲ့ခဲ့ပြီဆို အများအားဖြင့် မေမေကို တမ်းတမိတတ်ကြသည် ထင်သည်….။ မေမေဆိုတာ  ရှေ့မှာ ရင်ဆိုင်ရမယ့် တိုက်ပွဲအတွက် ဒိုင်းတစ်ခု လှံတစ်ခုအဖြစ် လာပြီး မရပ်တည်နိုင်ပေမယ့် ဖြတ်ကျော်ဖို့ ခွန်အား တစ်ပိုင်းတစ်စတော့ ပေးစွမ်းနိုင်သည်လား….။ သေချာတာကတော့ ကျွန်တော့်အတွက် မေမေဆိုတာ ဒိုင်းလည်း မဟုတ် လှံလည်း မဟုတ်ပေမယ့် ကျွန်တော် သူမကို မျှော်ကြည့်လိုက်တိုင်း ကျွန်တော့်ရင်ထဲ နွေးနေခဲ့တယ်….။)

 

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

မေမေရဲ့ ခွန်အားတွေနဲ့ ရောက်ရှိပါစေဗျာ………..

commentinfo By: anatyong at Jun 27, 2010
Comment #2

အပြည့်အ၀ မျှော်လင့်နေမိတယ်

commentinfo By: John Moe Eain at Jun 27, 2010
Comment #3

ကြိုက်တယ်ဟေ့…………………

မေမေ
သားကတော့ ဒီမှာ……အကြောက်တရားတွေနဲ့…
ပတ်ပတ်လည် မအော်မဟောက်ရဲ မမှန်တာကို အမှန်လုပ်ပြော။
ဟုတ်ကဲ့ ခေါင်းညိမ့်…..နဲ့ နေသားကျနေပြီ…
ဘာပဲပြောပြောပေါ့ …………….
အမေကျန်းမာပါစေ…..လို့
သား…………..တို့..ဆုတောင်း

commentinfo By: အငွေ့ at Jun 27, 2010
Comment #4

ကြောက်စရာကောင်းတဲ့အသိုင်းအ၀ိုင်းနဲ့ကင်းနိုင်သမျှကင်းအောင်နေနော်
မကင်းနိုင်သေးခင်ကောင်းအောင်နေနော်
သူတို့အလိုကျကောင်းဖို့မဟုတ်ဘူးနော်
ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးနော်
မိမိကိုယ်ကိုကောင်းအောင်ကြိုးစားနော်
မကင်းနိုင်သေးခင်ကောင်းနိုင်သမျှကောင်းအောင်ကြိုးစားနေနော်
မကောင်းနိုင်တော့ရင် ကင်းနိုင်အောင်ကြိုးစားဖို့လိုပြီနော်
သားလေးဘ၀အောင်မြင်ပျော်ရွှင်နိုင်ပါစေ
ချစ်သောမေမေ

commentinfo By: မေမေ at Jun 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment