Professional Authors

သို့ …မေမေ..

ပြန်ဆုံခွင့် မရှိတော့ ဘူး..
အမေ့ ရဲ့ အရိပ်တွေ..
သတိရတာနဲ့ မျက်ရည်ဝိုင်း..
ပြန်တွေးတိုင်း..
လွမ်းမိတယ်..မေမေ..
မေမေ..လို့ ခေါ်စရာ..
ဒီကမ္ဘာမှာမရှိတော့ ဘူး..
တစ်ယောက်တည်း..အားတင်း
လွမ်းရင်းနဲ့ ရုန်းကန်
ဘ၀ဟာဘာလဲလို့ 
နားလည်စပြုခဲ့ ပြီမေမေ..
ကျဆုံးတိုင်းအားပေးနွေးထွေးတဲ့ လက်တစ်စုံ
ငြိမ်သက်ရင်းအေးခဲ
အဝေးမှာပျောက်ကွယ်ခဲ့ ပြီ
ကျေးဇူးပါမေမေ..
သားရဲ့ နှလုံးသားထဲ
နွေးထွေးတဲ့ မေမေ့ ရဲ့ သွေးစက်တွေ
စီးဆင်းစေခဲ့ လို့
ပြီးတော့ မေမေပေးတဲ့ အားအင်တွေနဲ့ 
ဘ၀ကိုလျောက်လှမ်းရင်း
ပြုခဲ့ တဲ့ ကုသိုလ်ကံတရားတွေ
မေမေ့ ကိုရည်မှန်း
အမျှတမ်းဝေပါတယ်
မေမေ…သာဓုခေါ်ပါတော့ ..

In: ကဗျာ Posted By: Date: Jul 5, 2010
Comment #1

အမေ ဘ၀တခုခု ကနေ သိကောင်းသိ ကြည့် ကောင်းကြည့် နေလိမ့် မယ်… ဆုံးသွားတာ 20 နှစ်ကျော် ကြာခဲ့ တဲ့ အမေက ကို မတမ်းတပဲ အိပ်မက်မှာ သူလာပီး ကို့ ကောင်းတဲ့ လုပ်၇ပ်တခုအတွက် ၀မ်းသာစကားတွေ ပြောသွားတယ်…. အဲဒီကစလို့  ကို့ အမေ ကို့ များ စောင့် ကြည့် နေတုန်းလားတွေးမိတယ်…ခု သူ မကြိုက်လောက်တာ တခု ခု ကိုလုပ်မိ၇င် ငါ့ အမေများ အ၇ှက်၇နေမလား တွေးပူတတ်လာတယ်

commentinfo By: သော်တာ at Sep 11, 2010
Comment #2

eek…ကဗျာအောက်မှာ ကဗျာ ထပ်ရေးသွားတယ်…

commentinfo By: ic23u0 at Nov 18, 2010
Comment #3

အမှားလုပ်မယ်ကြံတိုင်း…တွေးကြည့်မယ်လေ…ငါမေမေ….ကြည့်နေတယ်….မလုပ်နဲ့ဆိုပြီး…..။
…………………………………………………………………………………………………………………………………

commentinfo By: tartie.4star at Mar 30, 2011
Comment #4

သိပ်မှန်ပါတယ်…အားပေးသွားပါတယ်…

commentinfo By: peterkhup at Feb 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment