Professional Authors

မေမေ

မေမေ…………….

အမေပြောတဲ့
ပန်းတွေ ကဗျာတွေထက်
အမေသားက
ရွှေတွေ ငွေတွေကိုမှ မတ်တဲ့သူ
မြင့်မြင့် မားမားမှာ နားမိတော့
မေမေရေ လေတွေက ကြမ်းလိုက်တာ

အမေပြောတဲ့
သစ္စာတွေ မေတ္ဒာတွေထက်
အမေ့သားက
ဖြစ်ချင်ရာတွေ လုပ်တဲ့သူ
စိတ်စန္ဓတွေ မတားမိတော့
မေမေရယ် လူတွေက ခါးလိုက်တာ

အခုသားလေ
ခမ်းနားတဲ့ မြို့ပြထက်
ရိုးသားတဲ့ ကျေးလတ်ကို လွမ်းတယ်…
ရှေးရိုးစန်တဲ့ သူရဲ့ လက်ချောင်းတွေမှာ
မေတ္တာ တရားတွေ ဝှတ်ထားတယ် မေမေ
အခု ဒီက
စက်ရုပ် စန်တဲ့ သူရဲ့ ဦးနှောက်တွေမှာ
လူသားတွေကို သက်ထားတယ် မေမေ….

မေမေသင်ပြခဲ့တဲ့ လိမ္မာ ဆိုတဲ့ စကားထက်
သားလေ အခု…

လိ မ် ညာေ န တ က် ခဲ့ြ ပီေ မ မေ……
…………………………………………………..
…………………………………………………..
…………………………………………………..
(သောဏ…)

In: ကဗျာ Posted By: Date: Nov 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment