Professional Authors

မေမေ့သား ငါးမျှားနေသည်

မြောင်းရိုးတလျှောက်
မြက်ရိုင်းတွေ ရှည်လာပါပေါ့ မေမေရယ်
မြို့ကြီး ပြကြီးမှာ
ငါးတွေ ကျက်စားရာ
သား မြို့ထဲ ကို ငါးရှာထွက်ရမယ်
ငါးစာကို တော့ သားရဲ့ ဘ၀ကို ချိတ်ဆွဲ ထားပါတယ်
အကောင်ကြီးကြီးတွေ
အကောင်သေး သေးတွေ
အဖွေးသားနဲ့ ချွန်မြ နေတဲ့ သွားတွေကြား
အသားစတွေ ပဲ့ပဲ့ ပါသွားတာ
သားလို ငါးမျှားသူတွေ အများသားလား မေမေရယ်
ငါးသန်သေးနုတ်တွေ
ငါးဖျင်း ငါးညံ့တွေ
ငါး ဖား ငါးကွန့်တွေ
ငါးသားလောင်းတွေ ….
သားမှာ လွတ်သွားတဲ့ ငါးတွေ ပိုကြီးသလို
ကြီးသွား တဲ့ ငါးတွေ ဆို လွတ်မြဲ မဟုတ်လား
ငါးမန်းဖြူတွေ….
ကျားငါးမန်းတွေ…..
သွေးညှီနံ့ နဲ့ တစ်ထောင်းထောင်း ထနေတဲ့
ပင်လယ်ဟာ သား  ငါးရှာမဲ့ နေရာပေါ့ မေမေရယ်
မေမေရေ..
ခု သားဘ၀နဲ့ မျှားလိုက်တဲ့  ငါးဟာ..
ငါးခုံးမ တစ်ကောင် လဲ မဟုတ်
အသားစား ငါးမန်း လဲ မဟုတ်
တခြား ငါးတွေ လဲ မဟုတ်
အလှမွေးငါး
ရွှေငါးလေး ဖြစ်နေပါပကောလား  မေမေရယ် ။  ။

မိုးသစ်ညို

http://moethitt.blogspot.com

In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

ခု သားဘ၀နဲ့ မျှားလိုက်တဲ့ ငါးဟာ..
ငါးခုံးမ တစ်ကောင် လဲ မဟုတ်
အသားစား ငါးမန်း လဲ မဟုတ်
တခြား ငါးတွေ လဲ မဟုတ်
အလှမွေးငါး
ရွှေငါးလေး ဖြစ်နေပါပကောလား မေမေရယ် ။ ။ ကိုမိုးသစ်ညို အားပေးသွားတယ် ကောင်းတယ် အကို

commentinfo By: genius.jinx28 at Dec 23, 2010
Comment #2

ကျေးဇူးပါ ကို genius.jinx28 ရေ….

commentinfo By: မိုးသစ်ညို at Dec 23, 2010
Comment #3

မြောင်းရိုးတလျှောက်
မြက်ရိုင်းတွေ ရှည်လာပါပေါ့ မေမေရယ်
မြို့ကြီး ပြကြီးမှာ
ငါးတွေ ကျက်စားရာ
သား မြို့ထဲ ကို ငါးရှာထွက်ရမယ်
ငါးစာကို တော့ သားရဲ့ ဘ၀ကို ချိတ်ဆွဲ ထားပါတယ်
အကောင်ကြီးကြီးတွေ
အကောင်သေး သေးတွေ
အဖွေးသားနဲ့ ချွန်မြ နေတဲ့ သွားတွေကြား
အသားစတွေ ပဲ့ပဲ့ ပါသွားတာ
သားလို ငါးမျှားသူတွေ အများသားလား မေမေရယ်

commentinfo By: နရီထက် at Dec 23, 2010
Comment #4

ရွှေငါးလေးမိတဲ့ သူက လုံးဝမမိတဲ့သူထက်တော့ကောင်းပါတယ် ညီလေးရာ။။

commentinfo By: moezat at Dec 23, 2010
Comment #5

မေမေရေ..
ခု သားဘ၀နဲ့ မျှားလိုက်တဲ့ ငါးဟာ..
ငါးခုံးမ တစ်ကောင် လဲ မဟုတ်
အသားစား ငါးမန်း လဲ မဟုတ်
တခြား ငါးတွေ လဲ မဟုတ်
အလှမွေးငါး
ရွှေငါးလေး ဖြစ်နေပါပကောလား မေမေရယ် ။ ။

ကြိုက်တယ်ဗျာ အဲဒီစာသားလေးကို
တကယ်ထိတယ်ဗျ

commentinfo By: မင်းခန့်သူ at Dec 23, 2010
Comment #6

မိ ခဲ့တာ ရွှေငါးလေး ဆိုတော့ တယုတယ.မွေးမြူ လိုလာတာပေါ့ …:D

commentinfo By: မိုးသစ်ညို at Dec 23, 2010
Comment #7

ကြိုက်တယ်အကိုရေ
တစ်ပုဒ်လုံးကိုကောင်းတာဗျ ……
အားပေးနေပါတယ်

commentinfo By: Lazy Poet at Dec 23, 2010
Comment #8

ကောင်းတယ်ဗျာ ရွှေငါးလေးမိတော့ ကောင်းတာပေါ့ ဗျာ ………

Comment #9

ခင်ဗျားချစ်သူ မသဲအူက
ဘာမှမလုပ်တတ်တကိုင်ဘ်ဲနေခဲရတဲ. သမီး အငယ်ဆုံးလေးလား ကိုမင်းခန်.ရေ။

commentinfo By: little bird at Dec 24, 2010
Comment #10

ခင်ဗျားချစ်သူ မသဲအူက
ဘာမှမလုပ်မကိုင်ဘဲနေရတဲ.
အငယ်ဆုံးသမီးလား ကိုမင်းခန်.ရေ။

commentinfo By: little bird at Dec 24, 2010
Comment #11

ဘုရားရေ..ရွှေငါးမိသွားသလား… ကဗျာလေးကအရမ်းကောင်းပါတယ်…။ 🙂

commentinfo By: ရွှေငါး at Dec 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment