ဒီမျက်ရည် …
ရင်ထဲစို့နင့်
ဒီမျက်ရည်မမြင်ရက်
ငါ့နေ့တွေအနေခက်လို့
ငယ်စဉ်ဘ၀တမ်းတတယ်
ပါပါးကြီးလက်ကိုဆွဲ
လိုချင်တာဝယ်
အပျော်တွေနဲ့ပြည့်နှက်
ဘ၀အကြောင်းဆိုတာ
မသိခဲ့
ပိုက်ဆံ …
ဖေဖေမေမေဆီကရတယ်
ရှားလားပေါလား ငါမသိ
မုန့်ဖိုးပေးပါ
တောင်းခဲ့တာ
ကျေးဇူးရှင်ဆိုတာငါမသိ
လူနာလာရင်
ပြုံးရတဲ့မေမေတို့မျက်နှာ
နားမလည်ခဲ့
သူတို့ကြောင့် မေမေပင်ပန်းတယ်
ငါကြည့်မရခဲ့တာ…
စိန်နားကပ်ရောင်ကြောင့်
ပါးပြောင်ခဲ့တော့
ခေါင်းမငုံ့တတ်ခဲ့….
…………….
ကံကြမာကကျီစယ်တော့
ပြုတ်ကျလုနီးပါး
စိတ်ဓာတ်နဲ့
ခေါင်းငုံ့ရတာ
….. ခါးသီးလို့ ….
အခုလိုပိုက်ဆံရှား
မတည်မြဲတဲ့ဘ၀မှာ
ငါမတည်မြဲချင်ခဲ့
ငယ်စဉ်နဲ့ အခုအခါ
အခြေအနေတွေပြောင်း
လိုတိုင်းတ တတိုင်းရ
ဟာသတွေလား ..
ပိုက်ဆံတွေ
သွားစမ်းပါ
ဘာလုပ်ဖို့လည်း
စိတ်ညစ်တာတွေ
အဝေးမှာနေ
နေ့တွေကို အရောင်မစိုးနဲ့
ဘ၀က ခါးသီးတယ်
မတွေးမိအောင်နေပေမယ့်
စိတ်တွေယိုင်
ဖြစ်ချင်တာတွေပျောက်
အနေတွေကြပ်လို့
စိတ်ကူးတွေ စွတ်ယဉ်တယ် ..
တမ်းတခြင်း…
စိတ်ကူးယဉ်ခြင်း…
အိမ်မက်တွေ…
ခဏတာ ပျော်ရွင်ပေမယ့်
တဘ၀တာ မုန်းစရာမို့
ငါ မုန်းတယ်
စဉ်းစားတာများရင်
ကြေကွဲစရာများတာမို့
ငါမုန်းတယ်
အက်ကြောင်းရှိတဲ့
နှလုံးသားမို့ …….
ဒီမျက်ရည်..
ထပ် .. မကျပါနဲ့တော့ …..
h3mlock
21st June 2009
Comment #4
Good…
By: Kyawthet at Aug 31, 2010
Comment #5
ဟုတ်တယ်နော်
မျက်ရည်ကျတာများရင် မကောင်းဘူး
dehydration တွေရကုန်မှ ဒုက္ခ
သတိထားဦး ဘော်ဘော်
By: လမင်း at Nov 18, 2010
Comment #6
ဟုတ်တယ်နော်
မျက်ရည်ကျတာများရင် မကောင်းဘူး
dehydration တွေရကုန်မှ ဒုက္ခ
သတိထားဦး ဘော်ဘော်
ဟေ့ရောင် harry ဆိုတဲ့အကောင်
ဒါက ကဗျာwebsite ကွ
ဘာမှတ်နေလဲ
သာဓု ခေါ်ရမယ့်နေရာ မဟုတ်ဘူး
မပြောင်နဲ့ ဟေ့ရောင်
By: လမင်း at Nov 18, 2010
Comment #7
hin,,,
ya bu lay,,,
thu bar tar thu auto kya lar tar,
hint,, 🙁
hint,, 🙁
By: ei lay at May 11, 2012




Comment #1
ဟမ်းဟမ်းလေး အတော်လိမ္မာလာပြီပဲ ….
အရင်ကနဲ့ မတူတော့ဘူး …. သိတတ်လာပြီ …
သာဓုဗျာ … သာဓု … သာဓု