Professional Authors

အတိတ်ရဲ့  စာမျက်နှာ ပေါ်က မျက်ရည်

သွားတော့ . . .
နှစ်သိမ့်မဲ့ စကား ငါ့မှာ မရှိနိုင်ဘူး
အချစ်ပေးမဲ့ အပြစ်ဒဏ်ကို
ငါ့ ကြေကွဲ နှလုံးသားက
နာခံရဦးမယ်  . . .

မင်းသားခေါင်းဆောင်း ထားတဲ့ ဘီလူးတစ်ကောင်အဖြစ်
ငါ မှားတယ်  . . . .
ပေါင်းဖက်ဖို့ လား  ခွဲကြဖို့ လား
မတွေးတတ်တဲ့ ငတုံး ငအ တစ်ကောင် အဖြစ်
ငါမှားတယ် . . . .
“ အမှား အမှား ” တွေ ဆီ
ဦးတည်ခုတ်မောင်းနေတဲ့ ရထား တစ်စင်း အဖြစ်မှာ
နင် ကျေနပ် စေမဲ့ အကြောင်းပြချက် မျိုး က
အဖြေမဲ့ ကျဆင်းလာမဲ့  “ မျက်ရည် ” တစ်ချို့ ပဲ ဖြစ်လိမ့်မယ် . . .

ဖြစ်ချိန်တန်ဖို့ ဖြစ်ရတာ မဟုတ်ဘူး
ဖြစ်ချိန်တန်အောင် ဖန်တီး ခဲ့တာ
ငါ ကြိုးဆွဲရာ လျှောက်က နေခဲ့ရတဲ့ နင့်အဖြစ်
“ နင့်အချစ်အတွက် နင်ရင်နာလိုက်ပါတော့ ”
ချစ်သူ . . . နင့်အတွက်
ရေငုံနှုတ်ပိတ်ချိန် တို့ အိပ်တန်းတက်ချိန်ရောက်ပြီ
နင့် တရားစီရင်ရေးထံ သို့ 
ငါ “ တရားခံ ဆိုး ” တစ်ယောက် အဖြစ်
ရောက်ခဲ့ပြီ . . . .

တောင်းပန်တယ် . . .
အရင်က နင်ငါ့ကို ချစ်ခဲ့သလောက်
အခု နင် ငါ့ကို မုန်းနိုင်တယ် . . .
ငါမြေစမ်းဖို့ ခရမ်း မပျိုးခဲ့ပါဘူး
အလွမ်းတွေ သယ်သွားတာထက် စာရင်
ဒီ အတိုင်းလှည့်ပြန်တာ က
အကောင်းဆုံး မို့ 
မျက်ရည် မကျ နဲ့  လက်မပြနဲ့ တော့ကွယ် . . . .

ပြန်တော့ . . .
ဧဒင်မြို့ မှ ချစ်တဲ့သူ
ဆက် မိုက်နေရင် မောမှာပေါ့
ပိတ်ကား ထက်က ကတဲ့ဇာတ်မှာ
ငါဟာ အသဲခွဲခဲ့သူ . . .
ငါဟာ အသဲကွဲတဲ့သူ . . .

လွင့်ပစ်ခဲ့တဲ့ ပြက္ခဒိန်စာရွက်တွေထဲက
နင်နဲ့ ငါ့ ရဲ့  “သက်တမ်း” တချို့ 
အဆိပ်တက် အိပ်မက် တွေရဲ့ ကြားမှာ
တဖြုတ်ဖြုတ်ကြွေကျ ခဲ့တဲ့ “လမ်းခွဲ” တချို့ 
ဒါတွေ မေ့လိုက်တော့
သစ္စာ မစူး ပါရစေနဲ့ 
ငါ အချစ်ကို ကစားမိခဲ့လို့  . . .

ငါ အခုထိ မေ့နေခဲ့တယ်
နင့်ကို မေ့ဖို့ ကို မေ့နေခဲ့တယ်
ပြီးပြတ်သွားပြီဖြစ်တဲ့ ဇာတ်လမ်းဟောင်းလေးမှာ
အဆုံးမသတ်နိုင်သေးတဲ့ အလွမ်းငွေ့ ငွေ့ လေးတော့
ကျန်နေသေးတယ်
ပျောက်ဆုံးသွားခဲ့တဲ့ အချစ် တစ်ခုမှာ (ငါ)
နောက်ထပ် လိပ်ပြာမလုံစွာ ထပ်တွေ့ ချင်သေးတဲ့
နင့် ပုံရိပ် တွေ ကျန်သေးတယ်
ငါ သိမ်ငယ် ကြောက်ရွံ့  စွာ နင်နဲ့ ဇာတ်သိမ်းဖို့ 
အရဲကိုး ပြီး ချစ်ခွင့် ပန် ခဲ့ တယ်
တကယ် အသုံးမကျတဲ့ ငါပါ ဟာ . . . .

ပိုနေမြဲ ကျားနေမြဲ ပြန်ဖြစ် နိုင်ဖို့ အတွက်
အသဲ တစ်စုံကွဲ မှ  ပြီးပြည့်စုံနိုင်မှာ မို့ 
ငါ နောင်တ တစ်ဝက် အမှားတစ်ဖက် နဲ့ 
ချည်ထားတဲ့ကြိုးကို ဖြေလိုက်တာပါ  . . .
နင် နာကျင်ရမှာကိုလဲ သိတယ်
ငါ  နာကျင်ရမှာကိုလဲ သိတယ်
သိမ်းခဲ့တဲ့ ဇာတ် မလှခဲ့သမျှ
ထပ်လျှောက်ရမဲ့ နင့်ဘ၀ လှ ပါစေ  . . .
နင့်အတွက် ကျသမျှ မျက်ရည်နဲ့ တန်တဲ့
ဒဏ် . . . ငါ့ထံသို့ ပြန်လာပါစေ ဟာ . . . .

 “ နင့်ကို ချစ်တယ် ”
ငါ ကဗျာလေးရဲ့ အဆုံးသတ်ချိန် ထိ နင့်ကို ချစ်မယ်
နင် အပြီး အပိုင် စွန့် လွတ် လိုက်တဲ့  ငါ
ငါ့ အတွက်  အချစ်နာ ခဲ့ရတဲ့ နင့်အစား
 “ ငါ့ကိုယ် ငါ မုန်းတယ် ”

ဒါ . . . အတိတ် ရဲ့ နိဂုံး တစ်ခု
အတိတ် ရဲ့ အမှားတစ်ခု
ငါ့  မျက်ရည် ငါ ပြန်ကျစေတဲ့ အဖြစ်တစ်ခုမို့ 
နင့် အကြောင်း လုံးဝ မေ့ပစ်လိုက်ပါတော့မယ်
နောက်တစ်မျက်နှာလှန်ဖို့ အတွက်
ငါ့ အသဲ ကို ရာဇ၀င်ထဲမှာ ထိန်ချန် မြှပ်နှံ ထားခဲ့ပြီ ၊၊       ၊၊

လမင်းဇော်

In: ကဗျာ Posted By: Date: Mar 1, 2011
Comment #1

အားပေးသွားတယ်နော်

commentinfo By: sawmyawadi at Mar 2, 2011
Comment #2

oh my god,
really nice feeling,

commentinfo By: ei lay at Aug 6, 2011
Comment #3

nin kyoe swe yar shoak ka nay ke ya de nga a phyit,,,
nga a chit a twat nin sar nar pay par dot.

nin har a te khwe de thu,,,
nga har a te kwe de thu.
a yin ka nga nin ko chit ke ta lout htet,,,a khu nin nga ko po chit ya me.
he,,he,,

dar tway mei like dot,,,
tit sar ma su dot par bu.

nin a twat nga kya ke de myat yae ne tan de su luck nga se ko pyan lar par say har.
nin ko nin le ma mone ya bu.

how?
can i change a lit ur poem?
he,,he,,

commentinfo By: ei lay at Aug 21, 2011
Comment #4

ချစ်ခဲ့သူ

ချစ်ခဲ့ပါတယ်ချစ်သူ
အားလုံကိုပေးစက်လို့ပေါ့ 
ဘာမှမျှော်လင့်မထားခဲ့တဲ့ အချစ်နဲ့ပေါ့ 
ပျော်ရွှင်စေဘို့ 
ဘ၀တွေစတေးရပါစေ
နင်တစ်ချက်ြ့ပုံးလိုက်တာနဲ့
ငါတစ်သက်ကြေနက်နေမှာပါ ။

commentinfo By: သက်မျိုးဇော်(တရော်မြေ) at Dec 26, 2011
Comment #5

နှုပ်ဆက်အနမ်း
တစ်သက်စာချစ်ခဲ့သူအတွက်
ဒီတစ်ခါဝေးကွာချင်းပါပဲ
ချစ်သူရယ်
မျှော်လင့်ခဲ့ရတဲ့ငါ
တစ်သက်လုံးလွမ်းနေရတော့မှာလား
သွားပါတော့
နှုပ်ဆက်ခဲ့ပါတယ်
လမ်းခွဲသူအတွက်
လက်မပြနိုင်တာကို
အပြစ်လို့ဆိုချင်ဆို
အရင်လိုအချစ်ချိုတွေ
ပြန်မရနိုင်တာတော့
နှုပ်ဆက်အနမ်းတပွင့်နဲ့
နင်လမ်းခွဲတော့မှသိခဲ့တယ် ။

commentinfo By: သက်မျိုးဇော်(တရော်မြေ) at Dec 26, 2011
Comment #6

အရမ်းကောင်းလို့ heart ထိတယ်ဗျာ

commentinfo By: mintway at Dec 26, 2011
Comment #7

ချစ်နေမှိသူအတွက်
လွမ်းစွတ်ချင်းဆိုတာ
တမ်းတချင်းကဗျာ တစ်ပုတ်ပေါ့ 
ချစ်ခဲ့မှတော့ 
ကောင်မလေးရယ်
ရင်ထဲကလွမ်းစွတ်ချင်းတွေ
သခင်သိအောင်……….ရင်ဖွင့်ရတာမှို့
အမြတ်မာန်ရှိလျှင်လဲ………ကျေ
အမုန်းတွေရှိလျှင်လဲ…………….ပြေပါစေတော့ 

သက်မှိုးဇော်(တရော်မြေ)

commentinfo By: သက်မျိုးဇော်(တရော်မြေ) at Jan 8, 2012
Comment #8

တစ်ခမ်းရပ်အလွမ်း
*********************
ဒီဘ၀တော့ 
ဝေးကြရပေါ့ 
ကြေကွဲချင်းနဲ့
ငါ့ ….နောက်ဆုံး
ငိုရှိုက်ချင်းတွေ
ဒီမှာတင်ပဲ
အဆုံးသက်ပါတော့ ….။
မမျှေလင့် ပဲ
တွေ့ ဆုံခဲ့ တဲ့
နင်နဲ့…..ငါ့ ရဲ့
ဇာတ်လမ်းတွေ
ဝေးရမယ်လို့ 
သိခဲ့ရင်တော့ 
မျှော်လင့် ချက်တွေ
တစ်ခမ်းရက်လို့ 
ဒီအလွမ်းရဲ့
ပြဇာတ်တစ်ပုဒ်
ဒီမှာတင်ပဲအဆုံးသက်ခဲ့ပေါ့……….။
သက်မျိုးဇော်(တရော်မြေ)

commentinfo By: သက်မျိုးဇော်(တရော်မြေ) at Jan 13, 2012
Comment #9

တွယ်ရာမဲ့
*********************
တိတ်တစိတ်ပေမဲ့
ကြေကွဲချင်းညနေတွေ
ပုဇွန်ဆီရောင်သန်းလို့ လွမ်းစွတ်ဘူးတဲ့ရင်
တောင်တန်းတွေကိုကြည့် လို့ 
ငါ့ ရင် ……ကို
ညှိုးရော်စေတယ်
ဝေးကွာချင်းအထိနးမှတ်
မျက်ရည်တွေစိးဆင်း
ငါ့ ..ရင်ခွင်မြေတလင်းမှာ
အလွမ်းပန်းတွေ
စိမ်းလမ်းလို့………။
သက်မျိုးဇော်(တရော်မြေ)

commentinfo By: သက်မျိုးဇော်(တရော်မြေ) at Jan 13, 2012
Comment #10

“ နင့်ကို ချစ်တယ် ”
ငါ ကဗျာလေးရဲ့ အဆုံးသတ်ချိန် ထိ နင့်ကို ချစ်မယ်
နင် အပြီး အပိုင် စွန့် လွတ် လိုက်တဲ့ ငါ
ငါ့ အတွက် အချစ်နာ ခဲ့ရတဲ့ နင့်အစား
“ ငါ့ကိုယ် ငါ မုန်းတယ် ”
မလွယ်တဲ့စာသားတွေဗျာ….
ရင်ဘတ်ထဲထိမြင်ရတယ်…..ကျွန်တော်အားပေးနေမယ်

commentinfo By: အသဲကွဲမိုး at Jun 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment