သီအိုရီမဟုတ်တဲ့ သီအိုရီ
သီအိုရီမဟုတ်တဲ့ သီအိုရီ
ကျွန်တော်ဟာ  ရူးသွပ်သူပါ “မ”ရယ်
ခံစားမှုကို အသားပေးတဲ့ ကောင်က
ခုမှ  ရုပ်ဝတ္ထုဆန်နေရတယ်လို့
အချစ်ကို ဥပေက္ခာပြုခဲ့တဲ့ ကျွန်တော်
 ခုမှ သစ်တစ်ပင်လို ကြီးမားရင့်သန်
နှလုံးသားမှာ အချစ်တွေအမြစ်တွယ်နေပြီ
“မ”    ရယ်   ။  ။
ဂျစ်ပစီတစ်ယောက်လို လေလွင့်
အတွေးတွေနဲ့  စုတ်ပြတ်သတ်လောက်အောင်
ချစ်တယ် “မ” ရယ်  ။ ။
ဘာကိုမှ………မမြော်လင့်ပါဘူး
 တစ်ကယ် ဘာကိုမှမမြော်လင့်ပါဘူး..
ကျွန်တော့် ရလာဒ်အဖြေက
ချစ်ခြင်းထက်  မုန်းခြင်း
ပိုပြီး ချိုမြိန်သင့်တယ်လေ
သူငယ်ချင်းဆိုတဲ့  သံယောဇဉ်ကဘာလဲ
ကြေးမုံပြင်ထဲက  
ကောင်ကို သစ္စာဖောက်တစ်ယောက်လို
စူးရဲစွာစိုက်ကြည့်
 ကိုယ့်လက်ညိုးက ကိုယ့်ကိုယ်ကိုပြန်ထိုး
ကျွန်တော့်ကိုယ် ကျွန်တော်ပဲ
မုန်းတီးခွင့်ပြုပါတော့  “မ” ရယ်…………။  ။
သောဏ
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
                                            
Comment #1
ကောင်းလိုက်တာဗျာ !