Professional Authors

“ကွဲကြေခြင်း သီအိုရီ …´´

အလွမ်းနေမ၀င်သေးခင်အထိ …
ငါဟာ …
အချစ်ကို ကပိုကသီဝတ်ဆင်အလှပြင်ထား သူ …

သူ့နှုတ်က ဖိတ်စင်လျှံကျလာသမျှ …
ဆိုင်ဆိုင်မြိုင်မြိုင် ရယ်သံတီးလုံးတွေအောက်မှာ …
ရှုသူမရှိဘဲ ကပြယောင်တမ်း သူ …

ကောင်းကင်မရှိတဲ့ မိုးတိမ်တွေဆီ …
ကျရှုံးပြိုလဲ နေကြောင်း …
ကောင်မလေး သိပါ …
မျက်ရည်တွေ ရှိုက်ကြီးတငင် အကြောင်းပြချက်မဲ့
ရွာချနေတာ …
တီးတိုးရွတ်ဆိုမိ သူ …

နှင်းဆီဆူးလို ချိုမြိန်ခြင်း နှုတ်ခမ်းပါးလေးနဲ့ အဆိပ်သင့် သူ …

နေမ၀င် တမ်းတမှုအင်ပါယာနဲ့ …
သုံးပန်းဖြစ်နေမှန်းတော့ မသိဘဲ …
ကိုယ် တကောကော …
ချစ်တယ် … ဆိုတဲ့ စကား တသွင်သွင် ပြောတတ် သူ …
တကယ်တော့ …
ကောင်မလေး နေမ၀င်ခင် ကျရှုံးသင့်တာက ငါ ပါ …
(ဒါပေမဲ့)
ငါ့မှာ ကောင်းကင်မရှိတာ …
ဒိုင်ယာရီတွေ အရွက်လိုက် အလိပ်လိုက် …
ကွာကျပျောက်ရှသွားသလိုပ …
………………………………
အဆုံးမှာတော့ …
ပြက္ခဒိန်တွေထဲက “အထီးကျန်ခြင်း´´ … ဆိုတဲ့
စကားလုံးတွေ အစိုင်အခဲဆန်လာခဲ့ …

ခပ်ယဲ့ယဲ့ ပူပြင်းစပ်လောင်ခြင်းတွေထဲ …
နေခုနစ်စင်းကို လက်သင့်ခံထားရတာ …
အရင်က ခင်မင်ခဲ့တဲ့ …
ဆောင်းပျိုအလင်းတွေကို အားနာတယ် …

တကယ်တော့ …
ကောင်မလေးရယ် …
ငါလေ …
(အရာအားလုံး)
တစ်စစီကွဲကြေနေတယ် …

In: ကဗျာ Posted By: Date: Jun 24, 2010
Comment #1

ဖတ်ရတာ ရင်ထဲမှာ တစ်မျိုးလေးပဲ ကောင်းပါတယ်

commentinfo By: lwanhlainge at Jun 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment