Professional Authors

အို…….သစ္စာ ၂

မှန်တာပြောရင်
( တစ်ခါတစ်ခါ ) ငါနာကျင်သလို
သူ.ကိုနာကျင်စေချင်တယ်။

မချစ်တော့လို.မဟုတ်ပေမယ့်
ငါ့ကိုထားသွားတုန်းက ငါခံစားရတာကို
ကိုယ်ချင်းလေး စာစေချင်လို.ပါ။

လူကိုသတ်တာထက်
စိတ်ကိုသတ်တာ ပိုအပြစ်ကြီးမှန်း
ဘယ်သူမှမသိကြတာလား
သက်သေပြရခက်လို.လား။

စွန်.သွားတာ စွန်.သွားတာပေါ့
စကားလှလှတွေမသုံးပါနဲ.တော့
ပိုရင်နာလို.ပါ။

အနေ.နေ. အရက်ရက်က
ပေးဖူးတဲ့ ကတိတွေ
ထားဖူးတဲ့ သစ္စာတွေ
ဘယ်လောက်ပဲများများ
ခွင့်လွှတ်ပါ တစ်လုံးတည်းနဲ.
ပြီးကြစတမ်းလား
လွယ်လွန်းလိုက်တာကွယ်။

ဘယ်ဘ၀က
ငါလွန်ကျူးမိလို.များ
ဒီဘ၀မှာ လက်စားချေတာလဲ
ကြေပြီလား ကျေနပ်လား
ငါခံစားတာ မြင်ရမှလား
လာကြည့်လေ။

သွေးကြောတွေ ဆတ်ဆတ်ခါအောင် နာနေတာပါ
လာကြည့်ပါ လာ
အရိုးထဲကနေလှိုက်ပြီး ခံစားရတာမျိုး
မင်းတစ်ခါလောက် သိစေချင်တယ်ကွယ်။

ငါက အပိုစိတ်ပူတာဆို
ငါက သံသယ ကြီးတာဆို
နည်းနည်းလောက် စိတ်ချပေးပါဆို
ကဲ ……. ဘယ်လိုလဲ ပြောဦးလေ။

ရိုးရိုးလေးပဲစဉ်းစားပါ
ဘယ်သူက ကတိတောင်းခဲ့လို.လဲ
ဘယ်သူကမတောင်းပဲပေးခဲ့တဲ့ကတိလဲ
ဘယ်သူကသစ္စာဖောက်မှာကြောက်ခဲ့ပီး
တကယ်တမ်းဘယ်သူက ဖောက်ဖျက်ခဲ့လဲ။

တော်ပါတော့
ချစ်တာနဲ.ခွင့်လွှတ်တာ တခြားစီပါ
(ခွင့်မလွှတ်တော့ရော မသွားပဲနေမှာလား )
တစ်ခုပဲမှာမယ်
မင်းရဲ.နောက်လူကို “သစ္စာ”ဆိုတဲ့စကား
သွားမပြောပါနဲ.
ငါရီချင်လို.ပါ။

ငါ့အတွက်တော့ မင်းသေသွားခဲ့ပြီ
မင်းသိရဲ.လား
သစ္စာဆိုတာ စူးတတ်တယ်ကွယ်
မင်း မကြုံပါစေနဲ.
ငါတကယ် ဆုတောင်းပေးပါတယ်။

မုန်းရန်တောင် မထိုက်တန်တဲ့ လူတစ်ယောက်ကို
ငါ မမုန်းလိုတော့ပါဘူး
သွားပါကွယ်
လိပ်ပြာသေသွားတဲ့လူကို
ငါ သနားပါတယ်။

မင်း မနက်မှန်ကြည့်ရဲသေးလား
ငါ့နာမည် ကြားရင် ပျော်နိုင်သေးလား
ငါ့သွေးအရောင်နဲ.တူတဲ့ ပန်းသီး စားရဲသေးလား
အေးလေ
ခုန်လက်စနဲ. ခြံတိုင်းခုန်ဦးပေါ့။

ငါတန်ဖိုးထားသလို မင်းကိုတန်ဖိုးမထားတဲ့အခါ
ငါမြတ်နိုးသလို မင်းကို မမြတ်နိုးတဲ့အခါ
( မင်း ကိုငါမှာမယ် )
အဲဒါ ၀ဋ်လည်တာလို.မတွေးပါနဲ.
စိတ်သန်.သန်.နဲ.သာချစ်ပါ
အားလုံးအဆင်ပြေသွားမှာပါ။

သံယောဇဉ် လက်ကျန်လေးနဲ.တော့
စိတ်ပူမိသေးတယ်ကွယ်
အဆင်ပြေအောင်နေပါ
နေကောင်းအောင်နေပါ
ငါမှာနေကျ စကားလေး
ယောင်ပြီး မှာမိသေးတယ်။

ပွဲမလန်.တာတောင်
အောင်မြင်စွာဖျာခင်းနိုင်တဲ့လူ
ကျုပ် နှလုံးသွေးနဲ့ ရေလောင်းတဲ့ပျိုးပင်ကို
ရှင်သန်အောင်ပြုစုပါ
ခင်ဗျားလည်းပျော်ပါစေ။

ဘ၀ဟာ နေပျော်ပါသလား
ထောင်မြင်လို. ဆယ်စွန်.ခဲ့သူရေ
နင် တမြေ.မြေ.နာကျင်လာရင်လည်း
ငါမသိနိုင်ပါဘူး
သိရင်လည်း ၀မ်းမသာတော့ပါဘူး
တစိမ်းတစ်ယောက်အတွက်
ခံစားချက်မထားသင့်တော့ဘူးလေ။

သစ္စာဆိုတာ
ကိုယ့်နှလုံးသားမှာ
ကိုယ့်ဘာသာထိုးခဲ့တဲ့ဆေးမင်ပါ
ဖျက်ချင်ရင်ဘယ်သူနာကျင်မလဲ
ဘယ်သူအမာရွတ်ထင်မလဲ
ဘ၀နဲ.ရင်းပြီး မင်းဖြေရတော့မယ်။

ငါတော့
အမှန်တရား တစ်ခုပဲသိလိုက်တယ်
မိန်းကလေးတွေကို
ပေးချင်ရင်အားလုံးပေးလို.ရပါတယ်
ယုံကြည်မှုကလွဲရင်။ ။

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

ဘုရား ဘုရား ကိုမောနီ စာသားတွေက… ပြင်းထန်လှချည်လား (:
ပြင်းထန်သလောက်လည်း ကောင်းပါပေတယ်… (နောက်ဆုံးအပိုဒ်ကို မမြင်ချင်ဟန်ဆောင်ပြီး comment ပေးသွားတာာာ 😛 )
(: (:

commentinfo By: ဖြိုးဖြိုး at Jun 22, 2010
Comment #2

ဟုတ်ပကိုမော်နီရေ..အမရာလဲ..ဖြိုးဖြိုးလိုပဲ..:P

commentinfo By: အမရာ at Jun 22, 2010
Comment #3

ကောင်းလိုက်တဲ့ ကဗျာလေး …. အရင်က အဲ့လိုပဲခံစားခဲ့ရဖူးတယ် …..

commentinfo By: နောင်လ်လေး at Jun 23, 2010
Comment #4

အပြင်းစားဝိုင်တစ်ခွက်ကို သောက်လိုက်ရသလိုပါပဲလား။

ကြည့်ရတာ ကိုမော်နီကြီး တော်တော်ခံထားရပုံပဲ။

စာသားတွေက အရမ်းမြောက်နေတယ်။

ရင်ထဲကလာတဲ့ စကားမို့လို့ ရင်ထဲထိရောက်တယ်ဆိုတာ ဒါမျိုးကိုပြောတာထင်တယ်

ဟုတ်လားကိုမော်နီ

commentinfo By: favourite2me at Jun 23, 2010
Comment #5

ဝါးလုံးရှည်နဲ.ရမ်းသလိုဖြစ်နေပီ
တောင်းပန်ပါတယ်ဗျာ
မိန်းကလေးတိုင်းကိုမရည်ရွယ်ပါဘူး

commentinfo By: mawni at Jun 27, 2010
Comment #6

ယုံကြည်မူဆိုတာကလည်း ….
ယုံရတဲ့ အချိန်မှာမှ ပေးရမဲ့ အရာတစ်ခုပါလေ…

ဒီကဗျာလေးလည်း ကြိုက်တယ်….
FFမှာ မှုံ တင်လိုက်မယ်နော်….
ကျေးဇူးပါရှင်….

commentinfo By: မှုံရွှေရည် at Jul 31, 2010
Comment #7

တကယ်ကောင်းပါတယ်
ကိုမော်နီ ပြောသလိုပါပဲ
သစ္စာ စူးတတ် တယ် ဆိုတာ ကို ပဲ
တကယ် ဖြစ်စေချင်တယ်…

commentinfo By: Chaw Hsu at Sep 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment