Professional Authors

ခွင့် ( ခွှင့်လွှတ်ပါကွယ် )

ခွှင့်လွှတ်ပါကွယ် …………………

အားတင်းကာခွင့်တောင်းရပေမယ့်

စိတ်မှာတော့မထောင်းသာလှပါဘူး

အပြစ်ဟောင်းတွေကိုသာ အသစ်ပြောင်းမယ်ဆို

ငါ .. ခေတ်ဟောင်းမှာပဲနေခဲ့လိုက်ပါတော့မယ်

ခွင့်ပြုချက်ရနိုင်ဖို့ခဲယဉ်းပေမယ့်

လွှင့်ပစ်လို့မရနိုင်တဲ့ငါ့အမှားတွေအတွက်

မင်း ခွှင့်လွှတ်ဖို့ထပ်တောင်းပန်ပါတယ် ။

ခွှင့်လွှတ်ပါကွယ် ………………….

နည်းနည်းတော့မီ့းမြင့်သွားနိုင်ပေမယ့်

ဒီအမှောင်နတ်ဆိုးတွေလက်ကငါလွတ်ဖို့ကြိုးစားခဲ့ပါတယ်

အပိုတွေပြောမနေတော့ပါဘူး

ငါ … ဒီလိုရုန်းထွက်လာခဲ့တာဟာ မင်းကြောင့်ဆိုတာ

တစ်လောကလုံးသိနိုင်ကြပေမယ့်

သိစေချင်သူ

မင်းတစ်ယောက်ထံသို့

သတင်းတွေဘာလို့ လမ်းပျောက်သွားရပါလိမ့်ကွယ် ။

ခွှင့်လွှတ်ပါကွယ် ………………….

ငါ မရည်ရွယ်ခဲ့ပါဖူး လေဟာနယ်တွေမြူးတဲ့ညမှာ

ဝေဒနာတွေနဲ့ အသေအချာရှုးခဲ့ရပေါ့

မနေသာပါဖူးကွယ် နေစရာမရှိတဲ့ငါ့အချစ်များ

လွမ်းလိုက်တိုင်းခါးခါးနေရတာ ဒဏ်ရာတွေအပြည့်နဲ့ပေါ့

မင်းခွှင့်လွှတ်ဖို့ကိုမျှော်လင့်ရင်း မရေရာမှု့တွေနဲ့ဝေ့၀ါးနေခဲ့ရပေါ့ကွယ် ။

ခွင့်လွှတ်ပါကွယ် …………

အမှောင်ဖုံးနေတဲ့ဘ၀ထဲက

နောက်ဆုံးဆန္ဒလေးတစ်စုံအတွက်

မင်း …………………………….

ရှောင်ပုန်းမနေပါနဲ့တော့ကွယ် ။ ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: May 14, 2013
Comment #1

ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at May 14, 2013
Comment #2

So much lovely

commentinfo By: ei lay at May 14, 2013
Comment #3

ခွင့်လွှတ်ပါစေ

commentinfo By: maypyo22889 at May 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment