Professional Authors

“ဆင်ကြယ်ဖိနပ်ကလေး”

တစ်ခါတုန်းကပေါ့…
ငါက
မြင်းကြယ်ဖိနပ်တွေအလယ်မှာ
ဗိုလ်ဖြစ်ခဲ့ဖူးတဲ့
ဆင်ကြယ်ဖိနပ်ကလေးတစ်ရံပေါ့……
မကြာပါဘူး
ခြေကျင်းဝတ်ရဲ့လိုက်ဖက်မှုနဲ့အတူ
ကတ္တီပါဖိနပ်လှလှလေးရောက်လာချိန်မှာတော့……………
ဒီလိုနဲ့ပဲ…
ဘ၀ကို..
သိမ်ငယ်မှုတွေနဲ့လျှောက်
အောင်မြင်မှုဆိုတာဘာလဲ…….
ရေတွေထဲမှာ
မောပန်းလာတဲ့အချိန်
သောက်ရတဲ့ရေလောက်
အရသာရှိတာမရှိဘူး…တဲ့…..
သဲကြိုးပြတ်ပြီးရောက်လာတဲ့
ကတ္တီပါဖိနပ်လှလှလေးကပြောသွားခဲ့တာ…..
ဒီလိုနဲ့ပဲ…..ငါ
ဆင်ကြယ်ဖိနပ်ကလေးကို
မြတ်နိုးစွာနဲ့ ပါးတဲ့ထိစီးပြီး
ဘ၀ကို ၀င့်ထည်စွာလျှေက်ခဲ့တယ်……
လက်ပြနှုတ်ဆက်သွားတဲ့
ကတ္တီပါဖိနပ်လှလှလေးရေ…
ငါနားလည်ခဲ့ပြီးပါပြီ….
” လောကဆိုတာ
လိုက်ဖက်မှုတွေနဲ့ ဖွဲ့စည်းထားမှန်း “…….

    In: ကဗျာ Posted By: Date: Jun 22, 2010

    Leave Comments

    Name*

    Email*
    Website
    Email me whenever there is new comment