Professional Authors

မနေတတ်လို့ပါ

ဖားတုလို့ ခရုခုန်

အိုင်ပျတ်ယုံပဲ ရှိမှာပေါ့တဲ့

ဖားတုလို့ ခရုခုန်ခဲ့တာ

မဟုတ်ပါဘူး

လင်းလတ်ခွင့် မရမဲအတူတူ

ပိုးစုန်းကြူကို အဖော်ပြုမိတာပါ

နွားခြေရာခွက်ကိုမှ

ပင်လယ်ထင်ခဲ့တာ မဟုတ်ပါဘူး

ဝါးလုံးခေါင်းထဲမှာပဲ

ပျော်နေတတ်သူမို့ပါ

ကြွေစေချင်လို့

ပန်းကို သက်သက် ခြွေခဲ့တာ

မဟုတ်ပါဘူး

ဥယျာဉ်မှုး ဘ၀ကို စာနာတတ်မယ်ဆိုရင်

ငါဟာ ပန်းခြွေလက် သက်သက်ပါ

စားငန်ရေကို သောက်ပြီး

ဘ၀ကို စိတ်နာနေတာ

မဟုတ်ပါဘူး

အိုအေစစ် တစ်စက်အတွက်

ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။

Comment #1

ကောင်းတယ် ကိုမင်းခန့်သူ အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 18, 2010
Comment #2

ကောင်းပါ့ဗျာ..ထိသွားပြီ

commentinfo By: မိုးလူ at Dec 18, 2010
Comment #3

ဥယျာဉ်မှုး ဘ၀ကို စာနာတတ်မယ်ဆိုရင်

ငါဟာ ပန်းခြွေလက် သက်သက်ပါ

စားငန်ရေကို သောက်ပြီး

ဘ၀ကို စိတ်နာနေတာ

မဟုတ်ပါဘူး

အိုအေစစ် တစ်စက်အတွက်

ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။

commentinfo By: နရီထက် at Dec 18, 2010
Comment #4

အရမ်းကောင်းတယ် မင်းခန့် လူရေ အားပေးသွားတယ်နော်..။
စားငန်ရေကို သောက်ပြီး

ဘ၀ကို စိတ်နာနေတာ

မဟုတ်ပါဘူး

အိုအေစစ် တစ်စက်အတွက်

ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #5

ကြိုက်တယ်ဗျာ ဂွတ်တယ်

commentinfo By: ကေအက်(စ်)အို at Dec 20, 2010
Comment #6

အိုအေစစ် တစ်စက်အတွက် ..ဘ၀ကို ရုန်းကန်နေရသူပါဗျာ.. [အကြိုက်ဆုံးပဲဗျို့..အဲဒီစာသားကို]

commentinfo By: ရွှေငါး at Dec 20, 2010
Comment #7

မရွှေငါးပြောသလိုပဲဗျာ… ကျွန်တော်လည်း ကြိုက်တယ်ဗျို့ အဲဒီစာသားကို

Comment #8

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

commentinfo By: မင်းခန့်သူ at Dec 21, 2010
Comment #9

လာလည်သွားတယ် ကဗျာလေးကို
၃ မိနစ် အချိန်ယူ ဖတ်သွားတယ်ရှင့် 😛

commentinfo By: Gantgaw at Dec 21, 2010
Comment #10

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment