Professional Authors

၁၂ လပိုင်း (သို့) ကိုယ်ပိုင် ငရဲခန်း

နှင်းမကျ မြူမဆိုင်းပေမဲ့…. 

ရင်ထဲသို့ တိုးဝင်လာတဲ့ လေနုအေး….

ဘယ်ဆီက တိုက်ခက်….

ဘယ်ဆီကို တိုက်ခက်မှန်းမသိပေမဲ့….

ဒီလူ့ကိုတော့ တိုးဝှေ့သွားပြန်ပေ့ါ….

  December….။

 

မနက် ဆိုရင် အေးတယ်….

နေ့ဘက်ဆိုလဲ အေးတယ်….

ညဆိုလဲ အေးမယ်….

ဘယ်သူ့ အားကိုးနဲ့ များ အေးနေတာလဲ….

ဘယ်သူ့ အညှိုးနဲ့များ အေးနေမှာလဲ….

ဝေခွဲရသိပ်ခက်ခဲလှတယ်….။

 

ကာလ နဲ့ ဒေသ ပေါ်လိုက်ပြီး….

Temperature လိုက်ချိန်းတက်လို့….

Colour နဲ့ မင်းလေးက သိပ်မျက်နှာများတယ် December….။


မာယာများ ကို ဘေးမှာချိတ်….

တစ်ခါတလေမှာ….

ရိုးသားခြင်းဆိုတာလဲ မြူနှင်းတွေကြားမှာ ပေါ်လွင်လာပါသေးတယ်….

မင်းလေးက သိပ်မျက်နှာများလွန်းတယ် December….။

 

နှင်းမှုန်တွေကြားထဲ….

ငါ တစ်ယောက်ထဲ လမ်းလျှောက်နေတုန်း….

ဟိုးအဝေးမှာ ဝေတဝါးနဲ့….

သေတောင်မမှားနိုင်တဲ့ မျက်နှာတစ်ခု….

ငါ့ အနားမှာ ကပ်ရက်….

ဖျတ်ခနဲ့ ရိုက်ခက်သွားတဲ့သံတွေကြား….

ဘယ်တော့မှ မမှားနိုင်မဲ့ လေသံ တခု….

မင်း သိပ်နှိပ်စက်လွန်းတယ် December….

 

အေးစက်မှုတွေနဲ့ အသားကျနေတဲ့….

ငါလို လူတစ်ယောက်တွက်….

December ဆိုတာ….

မှတ်ပုံမတင်ထားတဲ့ ကိုယ်ပိုင် ငရဲခန်းတစ်ခုလိုပဲ….

နှလုံးသားထဲမှာ ကပ်နှိပ်လို့ထားတယ်….

သြော် ချစ်ရပါသော တစ်ချိန်က….

December ရယ်….။

/* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:8.0pt; mso-para-margin-left:0cm; line-height:107%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,sans-serif; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Myanmar Text”; mso-bidi-theme-font:minor-bidi; mso-fareast-language:EN-US; mso-bidi-language:AR-SA;}

In: ကဗ်ာ Posted By: Date: Jan 23, 2020

Leave Comments

Name*

Email*
Website
Email me whenever there is new comment