Professional Authors

သံဝေဂ (တာရာမင်းဝေ)

ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
… အားနာလိုက်တာ..။

စီးကရက်ကို တဟွတ်ဟွတ် သောက်မိတာလား
ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျွန်တော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။

မေမေရေ ..
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတစ်ပွင့်ပါပဲ
ခုတော့..
လေအလာကို မျှော်လင့်ရင်း ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ ။

တာရာမင်းဝေ
၂၀၀၂၊ ဇူလိုင်၊ ကလျာ

/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည်  ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */

 

 

Comment #1

ဒီကဗျာလေးနဲ့ပါက်သက်ပြီး …

ရေးသူကိုလည်း လေးစားပါတယ် …

ဖော်ပြပေးသူကိုလည် ကျေးဇူးအများကြီးတင်ပါတယ် ….

ကျွန်တော်လည်း အတွေးတွေများခဲ့ပါတယ် … ။ ။

commentinfo By: အလင်းရိုင်း at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment