Professional Authors

´`°´`´°` ပစ္စုပ္ပန် ဖျော်ရည် ´°`´`°´`

အချိုလား အချဉ်လား

အခါးကြိုက်လား အဖန်ကြိုက်လား

မပျစ်မကျဲလည်းရတယ်

ပျစ်ပျစ် ကျဲကျဲလည်းရမယ်

ပါဝင်ပစ္စည်း အချိုးအစားညီစေရမယ်

သောက်သုံးသမျှအရသာ ညီစေရမယ်လို့ 

အာမခံနိုင်ဖူး

တခါတရံ ခင်ဗျား ခံတွင်းပျက်တတ်လို့ ပါ

ခဏခဏ ဖျစ်ညစ်ထုတ်နေရတဲ့

ဒီ သယံဇာတတွင်းနဲ့ 

စားလက်စ ပန်းသီး တပိုင်းတစ ကိုတော့

မျက်စောင်းမထိုးပါနဲ့ 

ပစ္စုပ္ပန်ဖျော်ရည်ထဲမှာ

ကျုပ်ရေးလက်စ ကဗျာ

အရသာ ပျက်နေပါ့မယ်

@by Neon Poemchitthu
13/3/15-8:00AM

In: ကဗျာ Posted By: Date: Mar 17, 2013
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment