Professional Authors

အဝေးသို့နွေလည်ခေါင်အိပ်မက်များ

‘နှင်းဆီပွင့်လေး အရေခွံလဲရင်
လူတစ်ယောက်ဖြစ်သွားမလား
အရာရာဟာ ကြေကွဲပြတ်ရှလွယ်တယ် အချစ်ရယ်’
တစ်ယောက်က ကိုယ့်အရေပြားကိုယ် သွေးထားတဲ့ကောင်းကင်
တစ်ယောက်က နေရောင်ထဲ ပြိုကျနေတဲ့လမ်း
ဆန့်ကျင်ဘက် ကမ္ဘာနှစ်ခုမှာ
တူညီတဲ့ နောင်တများ ရခဲ့
တစ်ယောက်တစ်နေရာဆီသို့ဆိုတဲ့ ရာသီဥတုများမှာလည်း
မျက်ရည်နဲ့ပါပဲ
ရပ်တန့်ငေးမော နေရသူတစ်ယောက်ရဲ့
နောက်ဆုံးနှုတ်ဆက်လမ်းခွဲမှာ
မျက်ရည်လွယ်တဲ့ ဓားတစ်လက်လို
အဝေးသို့နွေလည်ခေါင်အိပ်မက်များ မက်ခဲ့
(၀မ်းနည်းမှုကို ပွဲလမ်းသဘင်လို ၀တ်ဆင်ထားတဲ့ကောင်မလေးရယ်
အဲဒီညဟာ တယုတယ လှတယ်)
ဒါလည်း နောက်သီချင်းတစ်ပုဒ်ပါပဲ
ကျွန်တော်လည်း ထွက်ခွာခြင်းသို့နောက်တစ်ခေါက်ရောက်ခဲ့
‘နှင်းဆီပွင့်လေး အရေခွံလဲရင်
လူတစ်ယောက်ဖြစ်သွားမလား
အရာရာဟာ ကြေကွဲပြတ်ရှလွယ်တယ် အချစ်ရယ်’
တိတ်ဆိတ်မှုများ ကြွယ်ဝတဲ့အရပ်သို့
လူယောင်ဆောင်ခြေလှမ်းများ ဆိုက်ရောက်ခဲ့ပါတယ်…။

In: ကဗျာ Posted By: Date: Jun 29, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment