Professional Authors

မေရဲ့ ဆယ့်လေး…. “ကြွေ” ရဲ့ တေး

 

ကျောကို ခင်းပြီးနင်းတဲ့ဖ၀ါးတွေ

သိပ်နာနေခဲ့တဲ့ မင်းအတွက်

ငါ….

ဘာထပ်ပြီး ပေးဆပ်ပြရဦးမလဲ….။

 

နှလုံးသားကို လိုချင်ရုံသက်သက်ဆိုရင်

ဓါးမသုံးပါနဲ့

မင်း စကားလုံးနဲ့ဘဲ

ဟောဒီရင်ဟာ ကွဲပါတယ်..ကလေးရယ်..။

 

မင်းသိရဲ့လား

မင်းနိုးလာချိန်မှာ ခြောက်ခမ်းနေတဲ့နွေဟာ

ငါ့လက်ဝဲဘက်ရင်ကနေမြစ်ဖျားခံတယ်ဆိုတာ..

 

မျက်ဝန်းတကြည့်မှာ

ကျိန်စာတွေ မိုးမိခဲ့သူလို

ငါ့ မျှော်လင့်ချက်မှန်သမျှ ဖြိုချလို့..

မင်းသာလျင်

ငါ့အသက်လမ်းကြောင်းဆိုတာ ငါယုံခဲ့တယ်..။

 

အိမ်မက်တွေထက်မြလှပဖို့

နာကျင်မှုတွေအံကျိတ်ခံရင်း သက်ပြင်းခိုးချ

မင်းကိုချစ်တဲ့ စိတ်မှာ

ငါ့ကိုယ်ငါ သွေးခဲ့ချိန်တိုင်း….

ငါ…မျက်ရည်တွေယိုဖိတ်ခဲ့ပါတယ် ကလေးရယ်..။

 

မင်းငါ့ကို ယုံချင်လည်းယုံပါ..

မယုံချင်လည်း မယုံပါနဲ့

ငါဆိုတဲ့ သီချင်းခပ်ယဲ့ယဲ့မှာ..

မင်းကိုပေးနိုင်တဲ့ မေတ္တာတရားတွေဘဲ

အပြည့်အသိပ်ပါခဲ့တာပေါ့…။

ကဗျာရေးတဲ့ လက်ဖ၀ါးကို

မသနားရင်

အဲဒီ ပုစ္ဆာ..မင်းမှာကျော်ဖြေခွင့်ရှိပါတယ်…။

 

မဟော်ဂနီ ရောင်ဆံပင်နဲ့…

Britney Spears နဲ့…..

Caldina  နဲ့

ပြီးတော့ တောင့်တတိုင်းရတဲ့

ပန်းစည်း ပန်းခက် လည်ဆွဲဘယက်နဲ့.

Birthday ကိတ်တွေကြားမှာ

မင်းငါ့ကိုမေ့ထားဖို့ ကျင့်သားရနေခဲ့ပြီမဟုတ်လား..

 

ငါ့မှာ

Tagoe ရယ်…

ကျိုးကြေနေတဲ့ အိပ်မက်ရယ်..

ကဗျာစာရွက်ရယ်..

မီးတောက်ရစ်သမ် တစ်ချက်ခတ်တိုင်း

မင်းကိုသာ သမိုင်းစာမျက်နှာထက်တင်ဖို့

ငါ့လက်ဖ၀ါးတွေမှာသာ သစ္စာတွေစိုခဲ့တယ်..

 

ချစ်မိသူဟာ စစ်အရှုံးဆုံးလူပါ တဲ့

နှုတ်ခမ်းထောင့်စွန်းက အဲဒီအပြုံး..

တစ်သက်လုံးစာ မင်းပိုင်ဆိုင်ပါစေကွယ်..

အောင်နိုင်သူနဲ့ခြေလှမ်းနဲ့

ငါ့ရင်အုံပေါ်တက်ပါ..

သပြေခက်နဲ့ မင်းဆံနွယ်ဟာ

သိပ်တင့်တယ်စေလိမ့်မှာပေါ့..။။

 

ဟတ်ပီး ဘတ်ဒေး….

မေလရဲ့ ၁၄ ရက်…

မင်းကိုပေးကြတဲ့သြဘာသံတွေထဲ..

မင်းရယ်မောပါ….

ငါ့ငိုကြွေးသံတွေ ဖုံးအုပ်သွားတဲံအထိ

မင်းရယ်မောလိုက်ပါ။။။

 

မင်းမသိတဲ့အဖြေ…

ငါမပြောရဲတဲ့ မင်းရဲ့နာကျင်မှုမှာ..

ငါ့အတွက် တစ်စိတ်တစ်ဒေသစာရှိရင်တောင်

အောင်နိုင်သူတစ်ယောက်ရဲ့ နေရာက

လှလှပပရယ်မောလိုက်ပါ..ကလေး..။။။

 

မင်းနဲ့ ငါ..ဝေးသွားပေးဖို့

မွေးခဲ့တဲ့ခွန်အားဟာ

တာကျိုးသွားတဲ့ မျက်ရည်ပင်လယ်မှာ

ငါ့ကို ပြန်နှစ်တယ်…

အဲဒါပါဘဲ

ချစ်တယ်ဆိုတဲ့ စကားနဲ့အတူ..

ဂူသွင်းခံလိုက်ရတဲ့ စကားတွေမှာ..

မင်းဟာ….

မင်းဟာ………….လေ။။။။

 

ကလေးရယ်….

မေလ ဆယ့်လေး..

အဲဒီညက

ငါ့မျက်ရည်နဲ့သာ မင်းခြေဆေးခဲ့တာပါ…။။

 

နိုးဆက် နေ့

 

In: ကဗျာ Posted By: Date: Nov 14, 2012
Comment #1

မျက်ရည်တွေနှင့် ခြေဆေးသွားတယ်လား တကယ်လား အကို

commentinfo By: maypyo22889 at Nov 15, 2012
Comment #2

Nint nint te te ko khan sarr like ya par de.
Feel so much sorry af reading this poem.

commentinfo By: ei lay at Nov 15, 2012
Comment #3

နှလုံးသားကို လိုချင်ရုံသက်သက်ဆိုရင်

ဓါးမသုံးပါနဲ့

မင်း စကားလုံးနဲ့ဘဲ

ဟောဒီရင်ဟာ ကွဲပါတယ်..ကလေးရယ်..။
ကဗျာရေးတဲ့ လက်ဖ၀ါးကို

မသနားရင်

အဲဒီ ပုစ္ဆာ..မင်းမှာကျော်ဖြေခွင့်ရှိပါတယ်…။
အားပေးတယ်ဗျိုးးးးးးး..။

commentinfo By: အရိပ်ကလေး at Nov 15, 2012
Comment #4

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ အားပေးတဲ့အတွက်ရော ကွန်မန့်အတွက်ရောပါ

commentinfo By: ဆယ့်သုံး at Nov 15, 2012
Comment #5

မင်းသိရဲ့လား

မင်းနိုးလာချိန်မှာ ခြောက်ခမ်းနေတဲ့နွေဟာ

ငါ့လက်ဝဲဘက်ရင်ကနေမြစ်ဖျားခံတယ်ဆိုတာ..

မျက်ဝန်းတကြည့်မှာ

ကျိန်စာတွေ မိုးမိခဲ့သူလို

ငါ့ မျှော်လင့်ချက်မှန်သမျှ ဖြိုချလို့..

မင်းသာလျင်

ငါ့အသက်လမ်းကြောင်းဆိုတာ ငါယုံခဲ့တယ်..။

commentinfo By: အသဲကွဲမိုး at Nov 15, 2012
Comment #6

ထွက်လာပြီပေါ့ ဟုတ်လား ငါ့ကောင်ကြီးရေ….

commentinfo By: TK at Nov 15, 2012
Comment #7

ဒီကဗျာလေးကို ကြားဖူးပြီး ကြိုက်နေတာ ကြာပြီ..။ ခံစားချက်အစစ်ထင်ပါရဲ့ ရှင်…

အားပေးနေမယ်နော်

commentinfo By: လရိပ် at Nov 26, 2012
Comment #8

မေလ ဆယ့်လေး….ဘာနေ့လဲဟင် .. တကယ်မသိလို့မေးပါသည်

commentinfo By: သွဲ့သွဲ့ at Nov 29, 2012
Comment #9

Excellent creation

commentinfo By: ei lay at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment