Professional Authors

အသေများနဲ့ ဖာထေးခြင်း ၅

အသိုက်က အက်ဆစ်မိုးဒဏ်ခံထားတဲ့ သစ်ပင်
မေတ္တာတရားက ပင်နယံချော်သွားတဲ့ အင်ဂျင်
ငါက ဗိုင်းရစ်(ပ်)ကိုက်နေတဲ့ ဖုန်း
ဂျန့် ဖြစ်သွားတဲ့ စစ်စတမ်
ဘဝဟာ ထုတ်ကုန်အမှားအယွင်းနဲ့ မနက်ဖြန်
အက်ကွဲကြောင်းလိုက်နေတဲ့ ရေခဲပြင်လို
အိပ်မက်တွေ
တရားမဝင်တဲ့ မှုးယစ်ဆေးဝါးလို
အားအင်တွေ
အနက်ရောင် ဆေးသားထဲ ပြုတ်ကျခဲ့တယ်
တိုက်တာအဆောက်အအုံလို ပြိုကျသွားတယ်
ငါ့ကိုယ်ငါ ရီလ်ဇက်ပြန်ချလို့ မရတော့ဘူး
လမ်းတွေကို ဘယ် သူ ဖနှောင့်ကြော ဖြတ်ပစ်ခဲ့သလဲ
လေဟာနယ်ထဲ တစ်စစီ မျောလွှင့်နေသလို
ကိုယ့်ကိုယ်ကို ဖြုတ်ချထားကြည့်ချင်တယ်
ဘဝမှာ ဘယ်သူဟာ ဘက်ထရီ အပိုပါခဲ့ပါသလဲ
စုန်းပြူး
In: ကဗျာ Posted By: Date: Mar 3, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment