Professional Authors

*ဆေးရောင်မဲ့ စုတ်ချက်များ*

 

 

စိတ်လိုလက်ရနဲ့ ဆွဲနေမိတဲ့ ပန်းချီကား
မင်း မြင်အောင်ကြည့်စမ်းပါ့လား … …
စက္ခုကို အခြေပြုလို့ ခြယ်သခဲ့ခြင်းမဟုတ်လေတော့
အရောင်တွေ မသုံးပါရစေနဲ့ကွယ် … …
စွန်းထင်းလာတိုင်း ခြစ်ထုတ်ပစ်ခဲ့မိတဲ့ ငါ့နှလုံးသား
မသိမသာ သိသိသာသာ ပါးလွှာလာပါ့လား … …

စိတ်ကူးနဲ့ ပေါင်းသင် စိုက်ပျိုးပေးခဲ့တာပဲ
အိပ်မက်အတွင်း ပွင့်ရတဲ့ပန်း ရနံ့ဘယ်ရှိနိုင်မှာတဲ့လဲ … …
လေတိုက်တိုင်း ဆုတစ်ဆုတောင်းဆိုခွင့်များ ရရှိခဲ့ရင်ပေါ့
ထိုထိုသော ပန်းရနံ့လေးတွေ အနားမှာ ပျံဝဲနေစေချင်တော့
ရှိုက်ရှူနေကျ လေတွေကဆို လွန်ကိုလွန်လွန်းပါတယ်တဲ့လေ … …

ငါတို့နှစ်ယောက်က .. နေနဲ့လ မဟုတ်ကြတဲ့ တစ်ခြမ်းပဲ့ လ
ထပ်တူကျနိုင်ကြပေမယ့် အ၀ိုင်းသဏ္ဍာန်ရအောင် ပေါင်းစပ်လို့မရ … …
ခဏတာလေးအတွက် အလှကဗျာလေးတွေ ရေးနေခဲ့တာ မဟုတ်လို့
စိတ်လိုလက်ရ သည်ပန်းချီကားလေး ဆက်ဆွဲခွင့်ရမယ်ဆို
မင်း မြင်အောင် ကြည့်စေချင်တယ် … … မြင်အောင် ကြည့်လှည့်ပါကွယ် … … ။        ။

 

မေခက်ဆူး

06/11/2011

 

In: ကဗျာ Posted By: Date: Nov 18, 2011
Comment #1

ဟဲဟဲ ..မြင်အောင် ကြည့်ပါတယ်ကွယ်…
ဒါပေမယ့် ဘာမှမြင်ရဘူးဖြစ်နေတယ်…….

commentinfo By: ချွတ်ပီ at Dec 14, 2011
Comment #2

စွန်းထင်းလာတိုင်း ခြစ်ထုတ်ပစ်ခဲ့မိတဲ့ ငါ့နှလုံးသား
မသိမသာ သိသိသာသာ ပါးလွှာလာပါ့လား … …

commentinfo By: SoFarAwayFromU at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment