Professional Authors

* အံလွဲ *

အရောင်စုံတဲ့ လောကကြီးရဲ့ စနက်မှာ
ဖြူစင်မှုတွေ တိုက်စား
လိုက်ပြုံးလိုက် လိုက်မဲ့လိုက် မှန်တချပ်လို
ငါ့ကိုယ်ငါတောင် ပျောက်ဆုံး
ရိုးသားခွင့် ငါရချင်တယ် ။ ။
လှမ်းတက်တုန်း လက်တွဲမကူ
လဲကျမှ လက်ညိုးဝိုင်းထိုးမဲ့
မကောင်းဆိုးဝါး စိတ်ဓါတ်နဲ့ လူတွေကို
ဂရုမစိုက်ဘူး …
ရင်ဘတ်မှာ ဒဏ်ရာပေါ် ဒဏ်ရာထပ်
လူတွေရဲ့ အတ္တကို မုန်းတယ် ။ ။
မျက်နှာဖုံးတပ်မှ လူရာဝင်မယ်ဆို
ငါလူမဖြစ်ချင်ဘူး …
မျက်နှာဖုံးနောက်က မွန်းကျပ်တဲ့လေ
ရှုသွင်းဖို့ ငါရွံတယ် ။ ။
အမှန်တရားက ဘ၀ကို သတ်တယ်တဲ့လား ?
ကမ္ဘာကြီး ဇောက်ထိုးလည်နေပြီ
အတည့်လျှောက်ရင်း ခရီးမရောက်နိုင်ဘူး
ငါ့ခြေထောက်တွေ ရိုက်ချိုးထားခဲ့ပါ
ငါက လောကနဲ့ အံမ၀င်တဲ့လူ ။ ။

(အသဲကျော်)

In: ကဗျာ Posted By: Date: Jun 10, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment